Stateကျောင်းတော်မှချစ်ရသူ(33)Uni

1.4K 127 8
                                    

         ကတ္တရာများဖြူးနေအောင် ခင်းထားလေသော
ဟိုက်ဝေးလမ်းမကြီးပေါ် တွင် သော်မင်းခတို့၏ အနက်
ရောင်ကိုယ်ပိုင်ကားလေးမှာ မူတစ်ငြိမ့်ငြိမ့်မောင်းနှင်လျက်
ရှိလေသည်.....
      ကားradio boxမှ လာနေလေသော သီးချင်းသံ
တိုးသဲ့သဲ့မှလွဲ၍ တစ်ကားလုံးတိတ်ဆိတ်နေလျက်ရှိသည်..
ကားမောင်းသည့်နေရာတွင်ဖခင်ဖြစ်သူ ဦးရဲမာန်ရှိနေပြီး
ဘေးဘက်ခုံတွင်တော့ မိခင်ဒေါ်နံ့သာ ရှိလေသည်.....
ကားစီးလာသည့်လမ်းတစ်လျှောက်လုံး ဗိုက်ဆာမဆာ
နှင့် ခေါင်းမူးမမူးမေးသည်မှလွဲ၍ မိဘနှစ်ပါးမှာ
သော်မင်းခအားအပိုစကားမဆိုပေ.....
       သော်မင်းခ၏ စိတ်အခြေအနေအား သိနေသည်
ကြောင့်လည်းဖြစ်ပေလိမ့်မည်.....
     "ဝေးဝေးသွားလည်း သတိရနေပါအုံး.....
      နီးနီးလေးလည်းအချစ်မလျော့ပါနဲ့အုံး....
      စိုးရိမ်စိတ်နဲ့ပဲ...
      အချစ်ရေမင်းကို ငါသိပ်ချစ်လွန်းလို့ပါ....
      ချစ်ရသူနဲ့ပေါင်းဖက်လိုပါ၏....
      မချစ်ရသူနဲ့ဝေးဝေးနေလို၏....
      ဘုရားရှေ့ရောက်တိုင်းလည်း ငါဆုတွေတောင်းမယ်..
      ငါ သစ္စာပြုတော့မယ်......''
ကားပြတင်းပေါက်အားဖွင့်ကာ ဝင်ရောက်လာသည့်
လေညှင်းတို့အား ခံယူလိုက်ရင်း radioမှလာသော
သီချင်းအားသော်မင်းခ ခပ်တိုးတိုးညည်းဆိုမိသည်....

မနက်ခြောက်နာရီကတည်းက မောင်းနှင်လာသော
ကားလေးမှာ နေ့လည်တစ်ရီခန့်တွင် သွားလိုရာမြို့
သို့ ဝင်ရောက်ခဲ့ပြီပင်....
ထို့နောက် မြို့ထဲတွင်ဆယ်မိနစ်ခန့်မောင်းနှင်းပြီးသည့်
နောက်တွင်တော့ အပြာရောင်တစ်ထပ်တိုက်ပုလေးသို့
ရောက်ရှိလာခဲ့ပြီဖြစ်လေသည်....

သော်မင်းခ ကားထိုင်ခုံအားမှီကာ မှေးနေရင်းမှ ကားစက်
ရပ်သွားသည်ကိုသတိပြုလိုက်မိသောကြောင့် မျက်လုံး
တို့ကို တဖြည်းဖြည်းဖွင့်ကာ ပတ်ဝန်းကျင်အားကြည့်
လိုက်လေတော့ မိမိငယ်ငယ်က ရောက်ရှိခဲ့ဖူးလေသည့်
ခြံကျယ်လေးတစ်ခုအတွင်းသို့ ရောက်နေပြီဖြစ်ကြောင်း
သိရှိလိုက်သည်....
ထို့နောက် မိခင်ဖြစ်သူ၏ ဒေါ်လေးဟူသောခေါ်ဆိုသံနှင့်
အတူ ပွေ့ဖက်လိုက်လေသော အမျိုးသမီးကြီးအားတွေ့
လိုက်ရလေသည်...
သူမ၏နောက်တွင်တော့ သူမထက်အနည်းငယ်အသက်
ကြီးဟန်ရှိသော အမျိုးသားကြီးတစ်ယောက်...

Crush From State School 🖤Where stories live. Discover now