Stateကျောင်းတော်မှချစ်ရသူ(39)final

4.9K 254 15
                                    

Unicode

မိုးသားများကင်းစင်ကြည်လင်နေသောကြောင့်
ကောင်းကင်ပြာကြီးမှာ ထင်းလျက်လင်းလျက်။

ကြီးမားကျယ်ဝန်းသော ခြံဝန်းကြီးအတွင်း
အလုပ်သမားများမှာ ပွဲအခမ်းအနားတစ်ခုအတွက်
ပျားပန်းခက်မျှ အလုပ်ရှုပ်နေလျက်ရှိလေတော့သည်....

မိုးပြာရောင်ဇာပဝါများ မိုးပြာရောင်စားပွဲခင်းများ
လျှောက်လမ်းပေါ်ရှိမိုးပြာရောင်ကောဇောခင်းများ
အလှပန်းအိုးများမှ classical ဆန်လှသော
မိုးပြာရောင်Hydrangea ပန်းများ စသည်တို့ဖြင့်
အလှဆင်မွမ်းမံထားသော ထိုအခမ်းအနား၏အမည်မှာ
ချစ်ခြင်းတရားတို့အား တရားဝင်ချည်နှောင်
ရစ်ပတ်လေသော ~ "ထိမ်းမြားလက်ထပ်ပွဲ''~

ထိုခြံဝန်းကျယ်ကြီးအတွင်းရှိ တိုက်အိမ်ကြီး၏အခန်း
တစ်နေရာတွင်တော့ သတို့သားဖြစ်သူနှင့်သူ၏သူငယ်ချင်း
တစ်စု တည်ရှိနေလျက်။

"သော် သွားလေးဘာလေးစိထားပါအုံး
အအေးပတ်နေပါမယ်....''

"ကိုကို မင်းသတို့သားဝတ်စုံနဲ့အရမ်းလိုက်တာပဲ''

"ကဲ congratulations ပါ ကိုသော်မင်းခရေ...''

လက်ထပ်ပွဲအတွက်ပြင်ဆင်ထားလေသော သော်မင်းခ
အားကြည့်ကာ မင်းမြတ်တို့အုပ်စုမှာ တစ်ယောက်တစ်မျိုး
ဝိုင်းစနေလျက်ရှိလေသည်...
သော်မင်းခမှာလည်း မိမိ၏တစ်သက်မှတစ်ခါ ကြုံရလေမည်ဖြစ်သော မဂ်လာပွဲအတွက်ရင်ခုန်
စိတ်လှုပ်ရှားနေလျက်....
ထို့ပြင် အခြားသူနှင့်မဟုတ် မိမိရင်နှင့်အမျှမြတ်နိုးရပါသော
နှလုံးသားတစ်ခုလုံးနှင့်ချစ်ရပါသော မိမိ၏ချစ်ဦးသူနှင့်
ပေါင်းဖက်နိုင်မည့် မဂ်လာလက်ထပ်ပွဲဖြစ်လေသော
ကြောင့် ကြည်နူးမှုအပြည့်နှင့် ဖြစ်နေရသည်....

"ဇင်ဇင် နင်ကတစ်ယောက်ထဲလာတာလား...
နင့်ခင်ပွန်းလောင်းရော...''

"အကိုက ပါတယ်သော်ရဲ့
နင့်ရဲ့ကောင်းတို့နဲ့စကားပြောကျန်ခဲ့တယ်...
အကို့ရဲ့အစ်ကို ကိုဟန်သုတ လည်းပါတယ်
သူ့ချစ်သူနဲ့အတူလာတာ...''

"အေးပါ နင်ကလည်း အကို အကိုနဲ့ပါးစပ်ဖျားကကို
မချတော့ဘူး...''

Crush From State School 🖤Où les histoires vivent. Découvrez maintenant