...
...
......
...
...
...
"ဟေ့...ဟိုခလေးတို့...ခနခန....''"ဘာဖြစ်လို့လဲဗျ....''
"ရော့...ဒီဘူးခွံတွေယူသွား
မင်းတို့အတွက်အသုံးတည့်တယ်မလား...''"ဟာကျေးဇူးတင်ပါတယ်ခင်ဗျ.....''
သော်မင်းခ
ငြိမ်းနှင့်ဇင်ဇင်ပြန်သွားပြီးနောက် အိမ်ထဲရှိ
အချိုရည်ဘူးခွံတွေကိုသိမ်းနေရင်း
ဘူးခွံတွေလိုက်ကောက်တဲ့ မောင်နှမလေးနှစ်ယောက်ကို
တွေ့လိုက်သဖြင့် လှမ်းခေါ်ကာအချိုရည်ဘူးခွံတွေပေးလိုက်
လေတော့...
အစ်ကိုဖြစ်သူက ကျေးဇူးတင်ပါတယ်ဟု
ယဉ်ကျေးစွာပြန်ပြောသဖြင့် ပြုံးလိုက်မိသေးသည်...ထို့နောက် အစ်ကိုဖြစ်သူ၏အကျီစကို
ညီမဖြစ်သူက ဆွဲလျက် ဘူးခွံကောက်တဲ့အိတ်ကိုယ်စီဖြင့်
တစ်ရွေ့ရွေ့ပြန်ထွက်သွားကြလေသည်....
ညနေပဲစောင်းနေပြီဖြစ်သည်
သူတို့ကိုကြည့်ရတာအိမ်ပြန်အုံးမည့်ပုံမပေါ်ပေ...ထိုခလေးတွေ အသက်အားဖြင့် အလွန်ဆုံးရှိမှ
၁၂..၁၃လောက်ပေါ့..
ညီမဖြစ်သူဆိုလျှင်...၇နှစ် ၈နှစ်လောက်သာရှိအုံးမည်ထင်၏""ဒီအရွယ်လေးတွေဆိုတာအမှန်တော့
ကျောင်းနေရမယ့်အရွယ်လေးတွေ
အခုတော့ဘဝအကြောင်းမလှလို့ သူတို့ခဗျာ
ဘူးခွံကောက်နေရတဲ့အဖြစ် သနားပါတယ်''သော်မင်းခ
တွေးလိုက်မိသည်...."ဟေ့...ကိုကို...မင်းပါကူကောက်ပေးမလို့လား...
အိမ်ထဲပြန်မဝင်တော့ဘူးလား....''
ထိုကလေးတွေအား တစ်မေ့တမြောကြည့်နေသော
သော်မင်းခကို မင်းမြတ်ကလှမ်းအော်လေတော့"ဘာကိစ္စကောက်ရမတုန်းကွ...
ညနေစောင်းနေပြီ ခလေးတွေကခုထိမပြန်သေးလို့ကြည့်နေတာကွ...''ဟု
သော်မင်းခက ပြန်အော်သည်..."အာ့ဆိုလည်းအိမ်တိုင်ယာရောက်လိုက်ပို့လိုက်ကွာ...''
"အေး...ပို့မှာ...ပို့ကိုပို့မှာ
ငါတစ်ယောက်ထဲတော့မဟုတ်ဘူး...မင်းလင်ပါခေါ်သွားမှာ
ဟေ့ကောင်သူရ...လာ..သူ့ထားခဲ့..''
မင်းမြတ်အားပြောဆိုလိုက်ရင်းသူရအား
လှမ်းခေါ်သလိုလုပ်တော့ အနှီကောင်က
ဟန်ဆောင်ပန်ဆောင်တောင် လိုက်မယ်မပြောဘူး....
YOU ARE READING
Crush From State School 🖤
Romance💙 ငယ်ရွယ်စဥ်ခါက တိတ်တခိုး ချစ်ခဲ့ရတဲ့ ချစ်ဦးသူနဲ့ ''ဟိုးရှေးရှေးတုန်းက နဲ့အစချီပြီး ပျော်ရွှင်စွာ နေထိုင်သွားကြလေသတည်း ''ဆိုပြီး ဇာတ်သိမ်းသွားတဲ့ ဇာတ်လမ်းလေး တစ်ပုဒ် မင်းတို့မှာရှိကြလား? ကျွန်တော့်မှာတော့ ရှိတယ် ကျွန်တော်နဲ့ မောင်နဲ့ဇာတ်လမ်းအစကတေ...