Part(21)Zawgyi

942 71 6
                                    

..
.. .. .. .. .. .. .. .. .. .. .. .. .. .. .. .. .. .. .. .. .. ..

"Morning
အိပ်ပုတ်လေး နိုးပြီလား....''

သီးသန့်ထားသော ringtone သံနှင့်အတူ
မြည်လာပါသော ဖုန်းအားကိုင်လိုက်လေတော့
ကောင်းဆီမှ မနက်ခင်း နှုတ်ခွန်းဆက်သံတိုးသဲ့သဲ့အားကြားရလေသည်....

"အမယ်...အိပ်မပုတ်ပါဘူးကွာ..
ပိတ်ရက်မလို့ မထသေး တာပါ...''

"ဟားဟား...ကဲ ပြောလည်းပြောတတ်ပါပေတယ်
ခ ရယ်....ထထ သွားစရာရှိတယ်....''

"ကောင်းကလည်းကွာ ငါအိပ်ချင်သေးလို့ပါဆို...''

"ခုကတည်းက ဂျစ်တိုက်နေပြီပေါ့လေ ခ...
ထပါဆိုကွာ..ဒီနေ့ဇလွန်ကိုဘုရားဖူးလိုက်ပို့မလို့..''

ဇလွန်ဟူသော အသံကိုကြားလိုက်သည်နှင့်
သော်မင်းခ မျက်လုံးတွေအရောင်တောက်သွားသည်...
ပြီးခဲ့တဲ့ တစ်ပတ်က ကိုယ်သွားချင်တယ်လို့
ပြောထားသည့်နေရာမဟုတ်လား....
ဒါကိုကောင်းက မှတ်သားထားပုံရသည်....

"ကောင်း...တကယ်ပြောတာလား...''

"တကယ်ပေါ့ကွာ....ထထ မင်းမြတ်တို့တောင်
ပြင်ဆင်ပြီးနေလောက်ပြီ....''

"ဟင်...သူတို့က ဘယ်လိုဖြစ်လို့....''

"ဒုန်းဒုန်းဒုန်း...
ကိုကို ရေ ထတော့ဟေ့ မထရင်ထားခဲ့မှာ...

သော် ထတော့ ကောင်းခန့်ကျော်ကဘုရားသွားမယ်
ပြောထားတယ် မထရင်တစ်ယောက်ထဲကျန်ခဲ့ရမှာနော်..
ငြိမ်းတို့တောင် ဒီကိုလာနေပြီ...''

ဖုန်းပြောနေတုန်းကြားလိုက်ရသောအသံများ...
မထရင်ထားခဲ့မယ်ဆိုပဲ..
ငြိမ်းတို့တောင်လာနေပြီ ဆိုလား...
ဒါဆို သူတို့ကသိနှင့်နေတာပေါ့ ဇလွန်ကိုသွားမယ်ဆိုတာ

"Hello ခ...''

"ကောင်း....''

"အင်း..ခ..ထတော့လို့..''

"မေးရပါအုံးမယ် မင်းမြတ်တို့ကသွားမယ်ဆိုတာ
သိနေတာလား..''

"အင်းလေ ခ ရဲ့ ကိုယ်ညကတည်းကပြောထားတာ
သူတို့ကို...''

"သူတို့ကျပြောပြီး ငါ့ကျ ဘာလို့မပြောတာလဲ..''

"ခုပြောတယ်လေ...ခရဲ့..''

Crush From State School 🖤Where stories live. Discover now