Stateကျောင်းတော်မှချစ်ရသူ(36)Uni

1.9K 147 12
                                    

~~တရိပ်ရိပ်တက်လာလေသော မိုးသားတိမ်စိုင်တို့နှင့်အတူ
ကောင်းကင်ကြီးတစ်ခွင်မှာလည်း ညှို့မှိုင်းကာဖြင့် အလင်း
ရောင် နည်းကာလာလေသည်....
ဤလက္ခဏာများသည် အလွမ်းမိုးတို့၏ရှေ့ပြေးလေးများပေ
ပင်ဖြစ်သည်......

သော်မင်းခ အခန်းပြတင်းပေါက်ဘောင်တွင်ထိုင်ကာ
ခြေထောက်အားအပြင်ဘက်သို့ တွဲလျားချထားလေသည်...
သူ၏ပုံစံကမူ မကြာမီ ကောင်းကင်မှရွာသွန်းလာတော့မည့်
မိုးစက်များကို ခံယူဖို့အသင့်ဖြစ်နေဟန်....
မိုးခြိမ်းသံများကိုပါ ကြားလာရသောကြောင့် သော်မင်းခ
သူ၏ ဖုန်းအား airplane modeဖွင့်ကာထားလိုက်
သည်.....
ထို့နောက် နားကြပ်တစ်ခုအားနား၌တပ်ဆင်ကာ သီချင်း
တစ်ပုဒ်ပြီးတစ်ပုဒ် နားထောင်နေမိသည်...

ထိုအချိန်မှာပင် တစ်ပေါက်ပေါက်ကျဆင်းလာသော မိုးစက်
တို့နှင့်အတူ သဘာဝ၏သမီးပျိုများဖြစ်သော လေအေး
ပြင်းပြင်းတို့မှလည်း ဟိုတိုးဒီဝှေ့ဖြင့် အပြိုင်တိုက်ခက်လာ
လေတော့သည်.....
မိုးရွာချိန်သည် လွမ်းဆွေးလို့အကောင်းဆုံးနှင့် အလွမ်းဓာတ်
အားဒီဂရီ အမြင့်ဆုံးဖြစ်စေသည်ပင်...
တစ်ဖြောက်ဖြောက်ကျဆင်းနေသော မိုးရေပေါက်များ၊
လေးအေး၏ခပ်ကြမ်းကြမ်း တိုက်ခိုက်မှု ၊ နားကြပ်မှ
တစ်ဆင့် အကြားအာရုံထဲသို့ တိုးဝင်လာသော သီချင်း
စာသား စသည်တို့မှာ 'အလွမ်း'ဟူသည့် ဒြပ်မဲ့အရာအား
အသက်ဝင်ပီပြင်အောင် ထောက်ပံ့ပေးနေသည့်နှယ်.....

"~~မိုးတွေရွာတိုင်း မင်းကို လွမ်းတယ်...
~~သိစိတ်ကရော မသိစိတ်ကရော....
~~မဖြစ်နိုင်ပေမဲ့ ဘဝမှာမင်းကို ပြန်လိုချင်နေတုန်းပဲ....''
နားကြပ်မှတစ်ဆင့် ကြားနေရသော သီချင်းစာသားတို့အား
သော်မင်းခ ဟာသပြက်လုံးတစ်ခုအား ကြားရသည့်နှယ်
ရယ်မိသည်....

"အဟက်....မိုးတွေရွာမှလွမ်းတာတဲ့လား....
ကောင်းရေ မင်းကိုတော့ ဥတုသုံးပါးမရွေး အချိန်နဲ့အမျှ
ငါလွမ်းနေရတယ်ကွာ.....''

~~နေပူကြီးတဲ့အဆောင်းမပါဘဲ လျှောက်သွားတဲ့အခါ
အနောက်ကနေ တစ်ကောက်ကောက်လိုက် ထီးမိုးပေးပြီး
ဆူပူလွန်းတဲ့ မင်းကို လွမ်းတယ်.........................

Crush From State School 🖤Where stories live. Discover now