Part(17)Zawgyi

977 70 2
                                    

**
**
"ကိုကို..ပြန်မယ်လေ...''

"ပြန်စရာလား မပြန်နိုင်ပါဘူး..
ငါ့ရဲ့ကောင်းလေးက လာကြိုမယ့်ဟာကို..''
စိတ်ထဲမှာထိုသို့တွေးလိုက်သော်ငြားလည်း
အပြင်မှာပြောလိုက်သည်ကတော့
"ဆိုင်ကယ်မပါဘူး...ငါ့ကို လာကြိုမယ့်သူရှိတယ်..
သူရ မင်းမြတ်ကိုခေါ်ပြီးပြန်တော့...''

"ကိုကို မင်းနော် တစ်စိတ်ရှိသူရကိုပဲ
ထိုးထိုးချနေတာပဲ...လာသူသူ ကိုကို့ဘာသာ ဘာကြီးနဲ့ဘယ်သူလာခေါ်လို့ပြန်ပြန် သူသူနဲ့အတူပြန်ဖို့
အရေးကြီးတယ်.... ''ဟုဆိုပြီး
သူရအားဆွဲကာဘောက်ဆတ်ဘောက်ဆတ်နှင့်
ဆိုင်ကယ်ဖြင့် ထွက်သွားသောမင်းမြတ်အားကြည့်ကာ
ခေါင်းခါမိသည်....

"အော်...ငါ့နှယ် ညီရထားတာလား ညီမရထားတာ
လား မသဲမကွဲဘူး .....
မရှိ ရှိတဲ့ဖင်ကိုကောက်ပြီးထွက်သွားလိုက်တာများ
မိန်းမကြရော...''

"သော်မင်းခ..မပြန်သေးရင်
စကားခနလောက်ပြောလို့ရမလား.... ''

မင်းမြတ်အား တစ်ယောက်တည်းအတင်းပြောနေရင်းကနေ
နောက်မှစကားသံကြားလို့လှည့်ကြည့်မိတော့...

"အော်...zuzue...''

"ဟုတ်တယ် သော်မင်းခ
စကားနည်းနည်းပြောချင်လို့....''

"Arr...ရပါတယ် ပြောလေဗျ...''
ပါးစပ်ကလည်းဆိုရင်း
လက်ကနာရီကိုလည်းအကြည့်တစ်ချက်ပို့မိသည်..
"၃နာရီ...အင်း..ကောင်းလာဖို့အချိန်လိုပါသေးတယ်လေ..''

"ဒီကျောင်းအပေါက်ဝကြီးမှာ မတ်တပ်ကြီးရပ်ပြောလို့
အဆင်မပြေလောက်ဘူး အဲ့ဒါဟိုနားကကျောက်စားပွဲနား
မှာသွားပြောကြရင် အဆင်ပြေနိုင်မလား...''

"ပြေပါတယ်zuzue...''

"ကောင်းပြီ..သွားရအောင်ရှင့်..''

သော်မင်းခ zuzueက သူ့အား
ဘာအတွက်ကြောင့် စကားပြောချင်တာလဲကို
သွားရင်း စဉ်းစားနေမိသည်...
"အော်...ဆေးရုံမှာငါ့ကိုတွေ့လိုက်တာကိုး
ကောင်းနဲ့သိလားဆိုတာမေးမလို့ထင်တယ်''ဟုသာ
တွေးမိလိုက်သည်...

"ဒီမှာထိုင်မယ်နော်..''

"ဟုတ် ရတယ်zuzue
စကားပြောချင်လို့ လို့ပြောတယ်နော်
ပွင့်ပွင့်လင်းလင်းပြောပါဗျ....''

Crush From State School 🖤Where stories live. Discover now