State ကျောင်းတော်မှချစ်ရသူ(12)Uni

2K 197 9
                                    

.......
သော်မင်းခ မျက်လုံးအစုံကိုတစ်ဖြည်းဖြည်း
အားယူကာ ဖွင့်လိုက်တော့ ပထမဦးဆုံးမြင်လိုက်ရသည်က.
အဖြူရောင်မျက်နှာကျက်တစ်ခု.......

"အား..... ကျွတ်စ်...ကျွတ်စ်...ကျွတ်စ်...''
သော်မင်းခ လှဲနေရာမှာထရန်ပြုမိတော့
ဗိုက်ကစူးခနဲအောင့်လာသည်ကြောင့် နာကျင်မှုက
အသံထွက်ကာညည်းတွားမိသည်အထိ......

"ကိုကို....နိုးလာပြီလား....
ငါတောင်းပန်ပါတယ်နော်..... အဟင့်....''

သော်မင်းခ စကားပြောသံကြားလို့
ဘေးကိုကြည့်မိလိုက်တော့ တဖက်ကုတင်မှာ
လူနာဝတ်စုံကြီးကိုဝတ်ကာ ခေါင်းမှာပတ်တီးအဖွေးသား
နှင့်ဖြစ်နေသော ညီဖြစ်သူကောင်းမင်းမြတ်

သော်မင်းခ အားတောင်းပန်စကားဆိုရင်း
နှာတရှုံ့ရှုံ့ မျက်ရည်အဝဲဝဲဖြစ်နေချေသည်.....

ရုတ်တရက်ဆိုတော့ ဘာဖြစ်ခဲ့မှန်းသေချာမမှတ်မိ..
နောက်မှ မှတ်ဥာဏ်သေချာပြန်ခေါ်လိုက်မှ.....
"အော်.....ငါတို့ချောင်းရိုက်ခံခဲ့ရတာပဲ''ဟုပြောနိုင်သည်..

"ကိုကို..သက်သာလား
ဒေါ်လေးတို့က စခန်းကိုသွားတယ် ညကချောင်းရိုက်တဲ့သူ
တွေကို အရေးယူဖို့စီစဥ်စရာရှိတာသွားစီစဥ်နေတယ်...''

"အင်း.....''
သော်မင်းခ အင်းဟုသာဖြေမိလေတော့
ကောင်းမင်းမြတ်တစ်ယောက်အော်ငိုလေတော့သည်...
ထိုအခါမှသော်မင်းခ အလန့်တကြားဖြင့်

"မင်းမြတ်...ဘာ...ဘာဖြစ်လို့လဲ
ဘယ်နားနာလို့လဲ..ဆရာ..ဆရာဝန်သွားခေါ်ပေးရမလား...''

"ကိုကို...မင်းငါ့ကိုဂရုစိုက်မနေနဲ့....
ငါ့...ငါ့ကြောင့်မင်းအများကြီးထိခိုက်သွားတာ
ငါသာခေါင်းကိုမထိဘဲ ထနိုင်ခဲ့ရင်သူတို့ကို
မင်းတစ်ယောက်တည်းရင်ဆိုင်ရမှာမဟုတ်ဘူး...
ခု....ခုတော့ကွာ...''

"မင်းမြတ်.....မင်းမလဲကွာ
ဘာများလဲလို့.... တောင်းပန်စရာမလိုပါဘူး
ငါ့မှာဖြင့်မင်းခေါင်းရိုက်ခံရတော့ထူပူသွားတာပဲ.....
ခုမင်းခေါင်းသက်သာလား....''

"အင်းသက်သာတယ်......
ဒါနဲ့သိလား ညကဆေးရုံကိုဘယ်သူပို့ပေးတာလဲဆိုတာ''

Crush From State School 🖤Where stories live. Discover now