Stateကျောင်းတော်မှချစ်ရသူ(22)Uni

1.9K 186 12
                                    

"ဟင်..ဇူးဇူး..''

"ကောင်း...နင်ဘာလုပ်နေတာလဲဆိုတာ
နင့်ကိုယ်နင်သိလား....
နင်ကရော နင့်ကိုငါအတန်တန်ပြောထားရက်နဲ့
ကောင်းရဲ့အနားကိုရောက်လာရဲတယ်ပေါ့လေ
ဟမ်...သော်မင်းခ...ကောင်းက နင့်လိုသောက်ခြောက်
မဟုတ်ဘူး.....ဖယ်စမ်း ကောင်းရှေ့က......''

"အ့...ကျွတ်စ်...''

စကားတွေကိုဆက်တိုက်ဆိုသလို တရစပ်ဆိုကာ
သော်မင်းခအနားသို့ရောက်လာပြီး အားဖြင့်တွန်း
လိုက်သောသူမ....

မထင်မှတ်ထားသောကြောင့် တွန်းထုတ်မှုကို
မရှောင်လိုက်နိုင်သဖြင့် လမ်းပေါ်သို့
လက်နောက်ပြန်ထောက်လျှက်သား လဲကျ
သွားလေသည်.....
နူးညံ့သောလက်ဖဝါးနှင့်ကွန်ကရစ်လမ်းပေါ်
ထောက်မိလေတော့ အသားတို့ကပွန်းပဲ့သွားလေကြောင့်
နာကျင်မှုကိုအသံထွက်ညည်းမိသည်အထိ...

"ဟင်...ခ....''
ရုတ်တရက်မို့ ကြောင်အသွားသော်လည်း
ချစ်ရသူနာကျင်သွားသည်ကို မြင်လိုက်ရလေတော့
အပြေးသွားကာထွေးပွေ့မိသည်....

"ခ...ပြစမ်း...ကိုယ့်ကိုပြ..
ဟာ...တောက်စ်..... လက်ဖဝါးတွေပွန်းကုန်တာပဲ...
ဇူးဇူး!!.....နင်ဒါဘာလုပ်တာလဲ...''

"အဟက်.....ဘာလုပ်တာလဲ ဟုတ်လား..
နင့်ကို ဒီလိုသောက်ခြောက်ရန်က ကာကွယ်ပေးနေတာလေ
နင့်ကိုငါအဆုံးရှုံးမခံနိုင်လို့လေ....
နင့်ဘဝကိုသူများတွေကဲ့ရဲ့ရှုံ့ချမှာမခံနိုင်လို့လေ....'''

"ငါ့ဘာသာငါဘာဖြစ်ဖြစ် နင်အပူပါလား..ဟမ်...
နင်အပူပါလား....တောက်စ်....ငါကွာ...''
တစ်ယောက်တစ်ပြန်ဒေါသတကြီး အော်ဟစ်နေသည်မှာ
သွေးပျက်ဖွယ်အတိ.....

"ကောင်း....ငါဘာမှမဖြစ်ပါဘူးကွာ
အဲ့လောက်ဒေါသကြီးမနေပါနဲ့...
ငါယောကျာ်းလေးပါကွ..လက်ကလေးပွန်းသွားတာ
လေးကိုကွာ.....''

"တောက်စ်.....''

"ကဲပါ...ဘာမှမဖြစ်ပါဘူးဆိုနေ..
တောက်ခေါက်မနေနဲ့တော့ မင်းဒေါသထွက်တာက
ချစ်ဖို့လည်းမကောင်းဘူးကွာ....
စိတ်လျှော့လိုက်.....''

"ဟင်း.....
ခ....ထ အိမ်ထဲသွားရအောင်
ပါဆယ်ထုတ်တွေကိုယ်သယ်လာခဲ့မယ်.....''

Crush From State School 🖤Where stories live. Discover now