..
"ဟင်..ဇူးဇူး..''"ကောင်း...နင်ဘာလုပ်နေတာလဲဆိုတာ
နင့်ကိုယ်နင်သိလား....
နင်ကရော နင့်ကိုငါအတန်တန်ပြောထားရက်နဲ့
ကောင်းရဲ့အနားကိုရောက်လာရဲတယ်ပေါ့လေ
ဟမ်...သော်မင်းခ...ကောင်းက နင့်လိုသောက်ခြောက်
မဟုတ်ဘူး.....ဖယ်စမ်း ကောင်းရှေ့က......''"အ့...ကျွတ်စ်...''
စကားတွေကိုဆက်တိုက်ဆိုသလို တရစပ်ဆိုကာ
သော်မင်းခအနားသို့ရောက်လာပြီး အားဖြင့်တွန်း
လိုက်သောသူမ....မထင်မှတ်ထားသောကြောင့် တွန်းထုတ်မှုကို
မရှောင်လိုက်နိုင်သဖြင့် လမ်းပေါ်သို့
လက်နောက်ပြန်ထောက်လျှက်သား လဲကျ
သွားလေသည်.....
နူးညံ့သောလက်ဖဝါးနှင့်ကွန်ကရစ်လမ်းပေါ်
ထောက်မိလေတော့ အသားတို့ကပွန်းပဲ့သွားလေကြောင့်
နာကျင်မှုကိုအသံထွက်ညည်းမိသည်အထိ..."ဟင်...ခ....''
ရုတ်တရက်မို့ ကြောင်အသွားသော်လည်း
ချစ်ရသူနာကျင်သွားသည်ကို မြင်လိုက်ရလေတော့
အပြေးသွားကာထွေးပွေ့မိသည်...."ခ...ပြစမ်း...ကိုယ့်ကိုပြ..
ဟာ...တောက်စ်..... လက်ဖဝါးတွေပွန်းကုန်တာပဲ...
ဇူးဇူး!!.....နင်ဒါဘာလုပ်တာလဲ...''"အဟက်.....ဘာလုပ်တာလဲ ဟုတ်လား..
နင့်ကို ဒီလိုသောက်ခြောက်ရန်က ကာကွယ်ပေးနေတာလေ
နင့်ကိုငါအဆုံးရှုံးမခံနိုင်လို့လေ....
နင့်ဘဝကိုသူများတွေကဲ့ရဲ့ရှုံ့ချမှာမခံနိုင်လို့လေ....'''"ငါ့ဘာသာငါဘာဖြစ်ဖြစ် နင်အပူပါလား..ဟမ်...
နင်အပူပါလား....တောက်စ်....ငါကွာ...''
တစ်ယောက်တစ်ပြန်ဒေါသတကြီး အော်ဟစ်နေသည်မှာ
သွေးပျက်ဖွယ်အတိ....."ကောင်း....ငါဘာမှမဖြစ်ပါဘူးကွာ
အဲ့လောက်ဒေါသကြီးမနေပါနဲ့...
ငါယောကျာ်းလေးပါကွ..လက်ကလေးပွန်းသွားတာ
လေးကိုကွာ.....''"တောက်စ်.....''
"ကဲပါ...ဘာမှမဖြစ်ပါဘူးဆိုနေ..
တောက်ခေါက်မနေနဲ့တော့ မင်းဒေါသထွက်တာက
ချစ်ဖို့လည်းမကောင်းဘူးကွာ....
စိတ်လျှော့လိုက်.....''"ဟင်း.....
ခ....ထ အိမ်ထဲသွားရအောင်
ပါဆယ်ထုတ်တွေကိုယ်သယ်လာခဲ့မယ်.....''
YOU ARE READING
Crush From State School 🖤
Romance💙 ငယ်ရွယ်စဥ်ခါက တိတ်တခိုး ချစ်ခဲ့ရတဲ့ ချစ်ဦးသူနဲ့ ''ဟိုးရှေးရှေးတုန်းက နဲ့အစချီပြီး ပျော်ရွှင်စွာ နေထိုင်သွားကြလေသတည်း ''ဆိုပြီး ဇာတ်သိမ်းသွားတဲ့ ဇာတ်လမ်းလေး တစ်ပုဒ် မင်းတို့မှာရှိကြလား? ကျွန်တော့်မှာတော့ ရှိတယ် ကျွန်တော်နဲ့ မောင်နဲ့ဇာတ်လမ်းအစကတေ...