Stateကျောင်းတော်မှချစ်ရသူ(31)Uni

1.4K 131 6
                                    

~~~~"ကိုကို....ကိုကိုရေ....ထတော့...
ပြန်ကြရအောင်....တီလေးက ကားလွှတ်ပေးလိုက်တယ်..
အဲ့ဒါရောက်နေပြီ....မျက်နှာသစ်ရေမိုးချိုး....
ပြီးရင် သွားကြစို့....''

"အင်း....ငါထပြီ....''
သော်မင်းခ တစ်ညလုံး အိပ်မရသောကြောင့်
ကုတင်ထက် လူးလိုက်လှိမ့်လိုက်နှင့်အချိန်ကုန်သွား
သည်မှာ မိုးလင်းပေါက်ထိပင်....

အခုလည်း မှေးခနဲအိပ်ပျော်သွားသည်ကို
မင်းမြတ်တစ်ယောက် လာနှိုးခြင်းဖြစ်ပေသည်....

အိမ်ပြန်ဖို့ မိခင်ဖြစ်သူမှ ကားလွှတ်လိုက်သဖြင့်
အဝတ်အစား အသုံးအဆောင်များအတော်များများကို
ထုတ်ပိုးကာ အိမ်သို့ပြန်သယ်ရန်ပြင်လိုက်သည်.....
ကောင်းနှင့်အတူ first year Fresher welcome
တုန်းကအတူရိုက်ထားသော ဓာတ်ပုံဘောင်လေးကတော့
မပါမဖြစ်.....
ကောင်းနှင့် ပထမဦးဆုံးအတူတွဲရိုက်သည့်ဓာတ်ပုံဟု
လည်းဆိုနိုင်သလို ကောင်းဆီမှ ရင်ခုန်ဖွယ်ကောင်းသော
စကားကို ကြားရသည့်ည၏ အမှတ်တရဆိုလျှင်လည်း
မမှားပေ.....
ဓာတ်ပုံလေးအားပြန်ကြည့်ရင်း မေဂျာkingရသော
သူ့အား ကောင်း ဆိုခဲ့လေသော စကားကိုပြန်ကြားယောင်
မိလေတော့ ရင်ခုန်စွာနှင့်ပြုံးမိပြန်သည်....
"ခ က ကိုယ့်နှလုံးသားရဲ့
the whole kingလေး''တဲ့လေ....

ကောင်းအကြောင်းစဥ်းစားနေရင်းမှ မနေ့က
ကောင်းအဖေ ဦးမိုးညနှင့်ပြောခဲ့သည့်စကားတို့ကို
ပြန်ကြားယောင် လာလေတော့ ကြည်နူးနေသည့်
စိတ်တို့မှာ တစ်ဟုန်ချင်းပျောက်ကွယ်သွားရပြန်သည်..

"ကောင်း...ငါ့ကိုမင်းအဖေက မင်းနဲ့သဘောတူ
လာအောင် ငါကြိုးစားမှာပါ....
မင်းက သဘောတူကြည်ဖြူမယ့်အချိန်ထိ ငါ့အနားမှာ
ဒီအတိုင်းလေးသာ ရှိနေပေးပါ....''
ကောင်းအားစိတ်ထဲမှ တောင်းဆိုသလိုပြောနေရင်း
မှ သော်မင်းခ သတိရသွားသည်က..

"ဟာ...ငါပြန်မယ်ဆိုတာ ကောင်းကိုမပြောရသေးဘူးပဲ
ကောင်းလည်း ဘယ်တော့ပြန်မလဲမသိဘူး.....
သွားနှုတ်ဆတ်ဖို့က ဖြစ်နိုင်မယ်မယ်မထင်ဘူး...
ဖုန်းပဲဆက်လိုက်တော့မယ်....''
ပြောပြောဆိုဆိုနှင့်ဖုန်းကိုကောက်ကိုင်လိုက်ခါဖြင့်
သော်မင်းခ ကောင်းခန့်ကျော်ဆီသို့ ဖုန်းခေါ်ဆိုလိုက်သည်...

Crush From State School 🖤Where stories live. Discover now