Stateကျောင်းတော်မှချစ်ရသူ(35)Uni

1.6K 155 45
                                    

~~    စိမ်းစိုသောသစ်ပင်များနှင့်အေးမြလျက်ရှိနေသော
ကျောင်းတော်ဝန်းကြီးအတွင်း ဇင်ဇင်တစ်ယောက် မိမိအိတ်
ကိုကိုင်လျက် အေးအေးလူလူလမ်းလျောက်နေသည်.....
မိမိတစ်ယောက်တည်းဖြစ်နေလေသည့်အကြောင်းအား
တွေးမိလေတော့ မင်းမြတ်အား ဇင်ဇင်တစ်ယောက် မေတ္တာ
ပို့မိတော့သည်.....
သူငယ်ချင်းဖြစ်သူ ငြိမ်းကိုအသနားပိုစွာဖြင့် ထပ်ဆောင်း
မေတ္တာပို့လိုက်တော့သည်....

သော် တစ်ယောက်ကျောင်းပြောင်းသွားသည်ကြောင့်
သူငယ်ချင်းလေးယောက်သာကျန်ခဲ့သည်...
ဤသည်ကို ခုတော့မိမိတစ်ယောက်တည်းဖြစ်နေချေသည်...
သူရ နှာစီးကာအအေးမိနေသည်ကို အကဲပိုကာဖြင့်
မင်းမြတ်မှာ ကိုယ်ဖိရင်ဖိပြုစုနေရသောကြောင့်
ကျောင်းသို့မလာပေ...
မိမိနှင့်အတူနေသည့်တစ်ဦးတည်းသော မိန်းကလေး
သူငယ်ချင်းဖြစ်သူ ငြိမ်းမှာလည်း စီနီယာအစ်ကို
သျှင်လင်းခန့်၏ အိမ်တိုင်ရာရောက်လာခေါ်မှုကြောင့်
အပြင်သို့ပါသွားရလေသည်.....

"အော်....ငါ့နှယ် ရည်းစားလေးဘာလေးထားမှပဲ...
မဟုတ်ရင် ဒင်းတို့ကကိုယ်စီကိုယ်စီနဲ့ ဖြစ်နေတဲ့အချိန်
ငါတစ်ယောက်တည်းရယ်....
သနားစရာကောင်းလိုက်တဲ့ဘဝ...ဘဝ..ဘဝ..''

"တစ်ယောက်တည်းမဖြစ်ချင်ရင် ငယ့်ကို ကိုယ်အဖော်
ပြုပေးနိုင်ပါတယ်ငယ်....''

"အမေ့..''
ဇင်ဇင် ဘာရယ်မဟုတ် ငြီးငြီးငြူငြူပြောလိုက်သော်
လည်း မိမိနားနားမှ ခပ်တိုးတိုးကြားလိုက်ရသောအသံ
ကြောင့် 'အမေ'တကာပင် လန့်၍အော်မိတော့သည်...

အသံသည်မိမိနောက်ဘက် အနားကပ်လျက်မှလာသည်
ဖြစ်သောကြောင့် အနောက်သို့ကပျာကယာလှည့်ကြည့်
မိလေတော့.....

"စီနီယာ....''

နီးကပ်နေသော မျက်နှာချောချောကြောင့်ရင်ထဲအနည်းမက
လှုပ်ခတ်သွားသည်ကိုတော့ ညာမရ...
ဂျူနီယာများအ​ပေါ် စည်းကမ်းတင်းကျပ်ကာ ဆုံးမသွန်သင်တတ်ချိန်တိုင်း တင်းတင်းစေ့ထားတတ်
သော နှုတ်ခမ်းလွှာတို့မှာမူ အရင်နှင့်မတူ အချိုသာဆုံး
ပြုံးပြနေသောကြောင့် သွားစွယ်ချွန်ချွန်လေးများကိုပင်
မြင်နေရသည်.....
အနီးကပ်မို့ မျက်မှန်ဝိုင်းဝိုင်းအောက်က စူးရှကြည်လင်
သော မျက်ဝန်းနက်နက်များ၏ ဆွဲဆောင်မှုအပြည့်ရှိမှု
ကိုလည်း ယခုမှပင် သေချာသတိပြုမိတော့သည်.....

Crush From State School 🖤Where stories live. Discover now