Stateကျောင်းတော်မှချစ်ရသူ(27)Uni

1.5K 138 10
                                    

~~~~"မောင်....''~~~~
ကြားလိုက်ရသောခေါ်သံကြောင့် ဖုန်းပင်လွတ်ကျ
မတတ် ကောင်းခန့်ကျော် တုန်လှုပ်သွားရသည်.....
ဒါ သူ့ကို မျှော်လင့်ချက်တွေ
တနင့်တပိုးပေးပြီး အခြားသူတစ်ယောက်ကို
ရွေးချယ်ခဲ့လေသော သူမ၏ အသံ...

"မောင်....မ ခေါ်တာကြားလား...
ပြန်ထူးပါအုံး...''

"ဖုန်းမှားနေပါတယ်....''

"မမှားပါဘူး မောင်ရယ် သေချာကိုစုံစမ်းထားတာ..''

"........''

"မောင်.....မ မောင့်ဆီပြန်လာတော့မယ်''

".......''

"ခန မဟုတ်ဘူးနော်မောင်...
မ အပြီးပြန်လာမှာ...နောက်ပြီး မောင့်အနားပဲ
နေတော့မှာ....''

"ခုမှ ဒီစကားတွေလာပြောနေလည်း အပိုပဲ
ခင်ဗျားနဲ့ကျွန်တော် ဘာပတ်သတ်မှုမှမရှိခဲ့သလို
နောင်လည်း ဘာပတ်သတ်မှုမှရှိလာမှာမဟုတ်ဘူး..
အဲ့တော့ ကျွန်တော့်ကိုနောက်တစ်ခါဖုန်းမဆက်ပါနဲ့..''

"ဟင်း....မောင်ရယ်...စိတ်ဆိုးနေတုန်းလား..
ရတယ်...မ ပြန်လာခါမှ မောင်စိတ်ပြေအောင်
အစွမ်းကုန်တောင်းပန်မယ်....
ခုတော့ မ ဖုန်းချလိုက်တော့မယ်....
ချစ်တယ်နော်....မောင်...see u..''

တီ...ခနဲ ဖုန်းချသွားသည်အထိ ကောင်းခန့်ကျော်
ဖုန်းကိုနားနား ကပ်ကာ ကိုင်ထားမိတုန်း....

"တောက်စ်......''
ခံပြင်းစိတ်နှင့်အတူ ဒေါသကထွက်လာလေသည်...

သူမဆီမှ ချစ်တယ် ဟူသောစကားကိုကြားရခြင်းဟာ
ကောင်းခန့်ကျော်အတွက် မုန်းတယ် ဟူသော
စကားလောက်တောင်ချိုမြိန်မှုမရှိပေ.....

သူမ၏ချစ်တယ်ဟူသော စကားကိုကြားယောင်မိတိုင်း
"မောင့်ကိုလည်း ချစ်တယ်
သူ့ကိုတော့ ပိုချစ်တယ်''ဟူသော စကားတို့ကိုပါ
တွဲလျက်ကြားယောင်လာသည်.....

.........
"အကိုလေး...ထမင်းစားမယ်လို့ဆိုနေ...''

အခန်းနားထိလာရောက် ခေါ်ဆိုသော မမိနွယ်ကြောင့်
ကောင်းခန့်ကျော် ခေါင်းကိုသာငြှိမ့်ပြလိုက်ရင်း...

"ပစ္စည်းလေးသိမ်းပြီးရင် လာခဲ့မယ် မမိနွယ်..''ဟုဆို
လိုက်သည်...

Crush From State School 🖤Where stories live. Discover now