"မင်း ဘယ်ကပြန်လာတာလဲ ထိန်လင်း"
အိမ်ထဲသို့ဝင်ဝင်ချင်းမှာပင် ဆီးကြို၍ မေးခွန်းထုတ်နေသည့်မေမေ့ကြောင့် ထိန်လင်းအောင်၏ မျက်ခုံးထူထူလေးများ ပင့်သက်သွားရသည်။မေမေသည် မျက်နှာထားတင်းကာဖြင့် စိုက်ကြည့်၍ မေးေနေလသည်။ဘာကြောင့် ဒီလောက်ထိ ဒေါသတကြီးဖြစ်နေရတာပါလိမ့်။
နောင်ရိုးနှင့်အတူ ရွာအပြင်တောစပ်က လက်ပံခေါင်းကောက်ပြန်လာတာပါဟု
ဖြေလိုက်လျှင် ဒေါသူပုန်ထနေမှာ သေချာသည်။လိမ်ပြောရင် ငရဲကြီးမလား မေမေ။
ဘာပဲဖြစ်ဖြစ် လိမ်ပြောရလိမ့်ဦးမည်။သို့မှသာ မေမေ့ဒေါသမီးတွေ သူ့အပေါ်မကျလာမှာ။"ဆရာမအိမ်ကပါ မေမေ"
ထိန်လင်း မေမေ့ကို ညာလိုက်မိသည်။
"မင်း မေမေ့ကို ညာချင်နေတာလား
ထိန်လင်း""သား မညာပါဘူး မေမေရ.."
"ငါ မင်းထက် ထမင်းအရင်စားထားတာနော် ငါ့ကို ညာမယ်မကြံနဲ့ မင်းဘာလို့ တောထဲလိုက်သွားရတာလဲ ပြောစမ်း မြွေပါးကင်းပါတွေ မင်း မကြောက်ဘူးလားဟင်"
"တောထဲလိုက်သွားတယ်လို့မေမေ့ကို ဘယ်သူပြောလဲ"
"ငါ့ကို ဘယ်သူပြောပြောပေါ့ မင်းက ပြန်မေးနေစရာလိုလို့လား"
သေချာပါသည်။ဦးသာအေးပြောလိုက်တာပဲ ဖြစ်မည် ထင်သည်။ဒီအဘိုးကြီးကွာ မမိုက်ပါဘူး။သေသေချာချာ နှုတ်ပိတ်လိုက်သည်ကိုပြောဖြစ်အောင်ပင် ပြောလိုက်သေးသည်။ထိန်လင်း စိတ်ထဲမှ ကျိန်ဆဲလိုက်မိလေသည်။
"မေမေသား ဟို"
"ဒီအရွယ်နဲ့လိမ်တတ်နေရင် ကြီးရင်တော့ မတွေးရဲစရာပဲထိန်လင်းရယ် ပြောစမ်းပါဦး တောထဲလိုက်သွားတာ ဟုတ်၊မဟုတ်"
"ဟုတ်ပါတယ် မေမေ.."
မတတ်သာသည့်အဆုံး ထိန်လင်း ဝန်ခံလိုက်ရတော့သည်။လိမ်တယ်ဆိုတာကလည်း အကြောင်းအရင်းရှိလို့ပါ မေမေရယ်။ကျွန်တော့်သာ လိမ်မပြောခဲ့ရင် မေမေက နောင်ရိုးနဲ့မပေါင်းဖို့ တရားချဦးမယ်မလား....။
"သားကို မေမေ ဘယ်လိုပြောထားလဲ ကိုယ်နဲ့ အဆင့်အတန်းမတူတဲ့ဟာတွေနဲ့ မပေါင်းပါနဲ့ဆို.."
YOU ARE READING
ခွင့် (Unicode+Zawgyi)
Romanceတစ်ဘဝစာဖြစ်ဖြစ်၊ တစ်ခဏတာဖြစ်ဖြစ် အသက်ရှင်သန်ကျန်ရှိနေတဲ့ တစ်လျှောက်လုံး ချစ်ရသူ အနားမှာပဲ နေခွင့်ရချင်တယ်။