Chapter-22(U+Z)

215 22 50
                                    

နောက်တစ်နေ့မနက်တွင် ဆုလဲ့တို့မိသားစု မန္တလေးသို့ ပြောင်းသွားခဲ့လေသည်။

ရွာအပြင်ထိ သူတို့နှစ်ယောက် လိုက်ပို့ဖြစ်ခဲ့သည်။ရွာအပြင်ရှိ ညောင်ပင်ကြီးအောက်တွင် သူတို့သုံးယောက် စကားမပြောနိုင်။အဝေးကြီးသို့ ငေးငေးဆဆကြည့်ရင်း ငြိမ်သက်နေကြလေသည်။

"ငါ နင့်တို့ကို အမြဲတမ်းသတိရနေမှာနော် ငါ ကြေးနန်းရိုက်မယ် ပြီးတော့ စာတိုက်ကလည်းစာထည့်မယ်နော်"

လှည်းပေါ်ရောက်သည်အထိ တသသမှာနေသည့် ဆုလဲ့နှင်းကို ကြည့်ကာ သူတို့နှစ်ယောက် ခေါင်းညိတ်ပြရုံသာ တတ်နိုင်လေသည်။

သူမနှင့်နည်းတူ သူတို့နှစ်ယောက်ပါ ဝမ်းနည်းနေမိကြသည်။ ဘယ်သူကရော ကိုယ့်ချစ်တဲ့သူနဲ့ ခွဲခွါချင်မှာလဲ။မတတ်သာလို့ ခွဲခွါကြရတာပဲလေ။

"ကဲ ဖေဖေတို့ သွားကြရအောင်ကွယ် ငါ့တူတို့လည်း လိမ်လိမ်မာမာနေရစ်ကြပါ"

"ဟုတ်ကဲ့ပါ ဦးလေး"

ရပ်ထားသည့် လှည်းကလေးသည် နွားချူသံတညံညံနှင့်အတူ သူတို့နှစ်ယောက်အနားမှ သည် ကားဂိတ်ရှိရာဆီသို့ ထွက်သွားလေသည်။ လှည်းပေါ်တွင် ငိုမဲ့မဲ့မျက်နှာလေးဖြင့် လက်ကလေးပြကာ လိုက်ပါသွားသော ဆုလဲ့နှင်းအား သူတို့နှစ်ယောက်လည်း လက်ကလေးတွေ ကိုယ်ဆီပြရင်း နေရာတွင် ကျန်ရစ်ခဲ့လေသည်။

တဖြည်းဖြည်းနှင့် နွားချူသံတညံညံသည် သဲ့သဲ့‌ေလးသာ ကြားရတော့သည်။မြင်ကွင်းထဲမှ လှည်းလေးသည်လည်း ဖုန်တလိမ့်လိမ့်ကြားထဲတွင် တရိပ်ရိပ်နှင့်ပျောက်ကွယ်သွားလေသည်။

ခွဲခွါခြင်းတဲ့။
ဤဖြစ်စဉ်ဟာ လူတိုင်း တစ်ချိန်မဟုတ်၊တစ်ချိန်တွင် ကြုံတွေ့နေရမည်အရာဖြစ်သည်။

ခွဲခွါခြင်းမှာ ကျန်ရစ်နေခဲ့ရသူက ပိုခံစားရတာတဲ့။ဒီစကားကို‌ေတာ့ ကျွန်တော် ငြင်းပါရစေ။ ထားခဲ့တဲ့သူပဲ ဖြစ်ဖြစ်၊ ကျန်ခဲ့တဲ့သူပဲဖြစ်ဖြစ် ချစ်တဲ့သူဟာ ခံစားရမှာပဲလေ။ကျန်ရစ်ခဲ့တဲ့သူသည်လည်း ကျန်ရစ်ခဲ့သည့်အလျောက်၊ ချန်ရစ်ခဲ့သည့်သူလည်း ချန်ရစ်ခဲ့သူအလျောက် ခံစားကြရမြဲဖြစ်သည်။

ခွင့် (Unicode+Zawgyi)Where stories live. Discover now