Chapter-40(U+Z)

183 8 9
                                    

ပြီးခဲ့သည့်တစ်ပတ်က ဖြစ်ပျက်ခဲ့သည့် ကိစ္စများဖြစ်ပြီးနောက်ပိုင်း ဦးစိတ်တိုနှင့်အက္ခရာတို့ ပိုပြီး ရင်းနှီးလာခဲ့ရသည်။ အက္ခရာ့ကိုလည်း အရင်လို ဆူငေါက်ခြင်းမရှိတော့။ လေပြေအေးအေးနှင့်သာ ပြောလေသည်။ အလုပ်ပြင်ပအချိန်များတွင်လည်း အက္ခရာ့ကိုခေါ်ကာ တစ်နေရာရာသွားတတ်သည်။ သံချောင်းအရွယ်အစားမှားရေးခဲ့မိသည့် အချိန်ကိုပင် ကျေးဇူးတင်ရမလိုပင်။

"အက္ခရာလေး"

"ဗျာ မသက်"

"ခုတစ်လောအသွားအလာလေး ဂရုစိုက်ဦးနော်...မသိမ့်က မျက်စိဆံပင်မွှေးစူးနေတယ်"

မသိမ့်အကြောင်းကိုတော့ အက္ခရာ နောကျေနေပြီဖြစ်သည်။ ဆရာနှင့်တစ်ပူးတွဲတွဲလုပ်သူ ဘယ်သူ့ကိုမဆို အမြဲတမ်းမျက်စိထောင့်မကျိုးသူဖြစ်သည်။ ခုလည်း အက္ခရာမျက်စိဆံပင်မွေးစူးနေမယ်ဆိုတာ သေချာပါသည်။ ဟိုတစ်ခါကလည်း ဆရာကခေါ်၍ ကော်ဖီသောက်လိုက်သွားမည့်သူ့ကို ဆရာအရှေ့မှာပင် အကြောင်းအမျိုးမျိုးပြကာ အလုပ်တစ်သီကြီးခိုင်းကာ အလုပ်မှာ ချန်ထားခဲ့စေခဲ့သည်။ မသိမ့်သည် ဆရာနှင့် ပတ်သတ်လာလျှင် မည်သူ့ကိုမှ အမြင်ကြည်တတ်သူမဟုတ်ပေ။

"အက္ခရာနဲ့ တို့ရုံးခန်းထဲ ခဏလာခဲ့ပါ"

စိတ်အတွေးပင် မဆုံးသေး။ အနားသို့ရောက်ချလာသည့် မသိမ့်ကြောင့် အက္ခရာတို့နှစ်ယောက် ပျာယာခတ်သွားရသည်။ ဒီရုံးမှာ ဆရာပြီးရင် မသိမ့်က အာဏာအရှိဆုံးပဲမဟုတ်လား။ ဆရာကိုယ်တိုင်ကလည်း တစ်ချို့ကိစ္စတွေကို မသိမ့်နှင့်သာ လွှဲထားတတ်သည်။ မသိမ့်ကလည်း ဆရာခိုင်းသမျှဆို အရာရာပင်ပန်းတယ်ဟု ထင်ပုံမပေါ်။ တစ်ခုတော့ရှိသည်..ဆရာနှင့် တွဲသွားတွဲလာလုပ်သူဆိုလျှင် သူမ မကြည်ဖြူပါ။ အမျိုးမျိုးပညာပြတတ်ပြီး စိတ်ဒုက္ခပေးတတ်သည်။ ယခုလည်း အက္ခရာကို ပညာပြချေတော့မည်ထင်သည်။ မသိမ့်၏ အခန်းဆီသို့ ထွက်လာခဲ့လေသည်။ အခန်းထဲသို့ရောက်သည်နှင့် ဝါးစားတော့မည်လူပုံနှယ် အက္ခရာကို စိုက်ကြည့်နေပြီးမှ "ထိုင်ပါဦး"ဟု ခပ်ပြတ်ပြတ်ပြောလေသည်။

"အရင်ပတ်က သံချောင်းအမှာစာရင်းလွဲမှားတာ မဖြစ်သင့်ဘူးဆိုတာ မင်းသိတယ်မလား"

ခွင့် (Unicode+Zawgyi)Where stories live. Discover now