"ချာတိတ် မင်း မနက်ဖြန်ကစပြီး အလုပ်ဆင်းလို့ရပြီ။"တဲ့။ ထိုစကားကို ကြားလိုက်သည့် ကိုယ့်နားကိုပင်မယုံချင်။ ဘယ်လိုမှ ထင်မှတ်မထားတာကြောင့် ပျော်ရသည်။နောက်ဆုံးတော့ မျှော်လင့်ထားတဲ့ အလုပ်လေးရလာခဲ့ပြီ။ ကျောင်းပြီးကတည်းက သူငယ်ချင်းတွေနှင့် လျှောက်လည်ကာ အချိန်ဖြုန်းနေတတ်သည့် သူ့ကို ဖေဖေက အလုပ်တစ်ခုလုပ်စေချင်သတဲ့လေ ..။ ဒါကြောင့်လည်း ဒီအလုပ်ကို လျှောက်ဖို့ ဖြစ်လာခဲ့တာပါ။
ဘယ်ဆိုးလို့လဲ ပထမဆုံးအင်တာဗျူးကို အခက်အခဲမရှိ အောင်ခဲ့သားပဲ။အင်တာဗျူးခန်းထဲမှ သွက်လက်သောခြေလှမ်းများဖြင့် Car Parkingရှိိရာဆီသို့ ထွက်လာခဲ့သည်။ ထို့နောက် မကြာသေးသောအချိန်ကမှ ဖေဖေဝယ်ပေးထားသော ကားလေးအား ထုတ်ကာ ကိုယ်တိုင်မောင်းပြီး ထွက်လာခဲ့လိုက်သည်။
ရုတ်တရက် ဝင်လာသည့် ဖုန်းသံကြောင့် ကားမောင်းနေရင်းမှ ဖုန်းကိုင်ရန်ပြင်ရသည်။ Cantactကိုကြည့်မိတော့ ငယ်ပေါင်းကြီးဖော် သူငယ်ချင်း အာသာရှင်းသန့်ဖြစ်နေသည်။အာသာရှင်းသန့်နှင့် အက္ခရာက ငယ်စဉ်ကတည်းက Pravite Schoolမှာ အတူတက်ခဲ့ကြတာဖြစ်သည်။ဒီအရှုပ်အထုပ်ကောင် ဘာတွေများ အာပူတိုက်ဦးမလဲ မသိ။
"ပြော"
"မင်းအသံကလည်းကွာ ပြောရမှာတောင် ဖီးလ်ငုတ်သွားပြီ"
"ဟေ့ကောင် အာသာ မင်းအပိုတွေလာပြောမနေနဲ့။ ပြော ဘာကိစ္စလဲ"
"ဘယ်လိုလဲ မင်းရဲ့အင်တာဗျူးကိစ္စ"
"သိတယ်မလား ငါဘယ်သူလဲဆိုတာ"
အက္ခရာ ဂုဏ်ယူသလိုပြောရင်း အလုပ်ရသည့်အထိမ်းအမှတ်နှင့် အာသာ့ကို မုန့်ဝယ်ကျွေးရန် သတိရမိသည်။ ကားလေးအား ဂရုတစိုက်မောင်းနေရင်းမှ ဖြတ်ခနဲဝင်လာသည့် အတွေးကြောင့် ဘေးသို့ကွေ့ရန် ကားလေးအား ခပ်ဖြည်းဖြည်းချိုးကွေ့လိုက်သည်။
"ဟေ့ကောင် အက္ခရာ ငါပြောတာကြားလား"
"ဘာပြောတာလဲ အမေ့"
လမ်းထောင့်မှ အမှတ်မထင် ထွက်လာသည့်ကားတစ်စီးနှင့် ထိပ်တိုက်ဖြစ်သွားသည်။"အမေ့"ဟု ခပ်ကျယ်ကျယ်အော်မိသွားသည်။ ဪ...အလုပ်လေးရလို့ ကံကောင်းနေတာပဲလို့ တွေးနေတဲ့ အတွေးပင်မဆုံး။ ကံဆိုးမှုက ကပ်ပါလာပြန်ပြီ။
YOU ARE READING
ခွင့် (Unicode+Zawgyi)
Romanceတစ်ဘဝစာဖြစ်ဖြစ်၊ တစ်ခဏတာဖြစ်ဖြစ် အသက်ရှင်သန်ကျန်ရှိနေတဲ့ တစ်လျှောက်လုံး ချစ်ရသူ အနားမှာပဲ နေခွင့်ရချင်တယ်။