Chapter-4(U+Z)

363 30 4
                                    

နောင်ရိုးသစ်ကျောင်းတက်ခေါင်းလောင်းထိုးပြီးမှ ကျောင်းခန်းထဲသို့ရောက်သွားလေ
သည်။တော်သေးသည်။နောင်ရိုးသစ် အခန်းထဲရောက်ချိန် ဆရာမ မလာသေးလို့။နို့မို့ဆို ကျောင်းနောက်ကျလို့ ဒဏ်ပေးခံရဦးမှာ။

"ဟေ့ကောင် နောင်ရိုး မင်း ဒီနေ့ကျောင်းနောက်ကျလှချည်လား ဘာတွေလုပ်နေတာလဲ"

"အင်း"
ရွာတောင်ပိုင်း ပဲပြုတ်သွားပို့နေရကြောင်းတွေ ပြောပြမ‌ေနချင်‌ေတာ့‌ေပ။
နောင်ရိုးသစ်"အင်း"ဟုပင် ခပ်အေးအေးဖြေရင်း စာသင်ခုံတွင် ဝင်ထိုင်လိုက်သည်။ကျောင်းတက်မမှီမှာစိုး၍ အိမ်ကနေအပြေးတပိုင်း လာခဲ့သည်‌ေကြာင့်စားခဲ့သည့် ထမင်းကြမ်းခဲလေးပင်ဘယ်ဆီရောက်မှန်းမသိတော့ပေ။

တစ်အောင့်အကြာတွင် အတန်းပိုင်ဆရာမ
ဒေါ်စိုးစိုးမာ ဝင်လာသည်။အတန်းရှိလူစာရင်း စစ်သည်။ ပျက်ကွက်သူများအား စာရင်းထဲတွင် အသေအချာရေးမှတ်သည်။အခန်းထဲတွင်အမှိုက်များရှိ၊မရှိ လှည့်ပတ်ကြည့်ကာ စစ်ဆေးသည်။ ကျောင်းစိမ်းဝတ်စုံ ဝတ်၊ မဝတ်ကြည့်သည်။ကျေနပ်ပြီဆိုမှ နေရာတွင် ထိုင်လေသည်။

ထို့နောက် မနေ့က ကျက်ခိုင်းလိုက်သည့် မြန်မာကဗျာ ခက်ဆစ်အဖွင့်များ မေးမည်ဖြစ်ကြောင်း အသံဆာဆာဖြင့် ပြောသည်။

"ဟေ့ကောင် နောင်ရိုး မင်းစာရပြီလား.."

"အင်း မင်းရော ရပြီမလား.."

"အင်း ငါကရပြီ မင်းမရမှာသာစိုးတာ ဆရာမက တကယ်ဆော်မှာ"

"ငါကညကကျက်ခဲ့တယ် ရပြီ"

ဆရာမ မကြားအောင် အသံခပ်အုပ်အုပ်ဖြင့် ထိန်းပြောရသည်။ဆရာမသာကြားလျှင် စာသင်ချိန် စကားများပါတယ်ဆိုပြီး အပြစ်ပေးခံရဦးမည်ဖြစ်သည်။

"ဟုတ်ပြီ ခဏနေရင် စာမေးမယ်။
ခုလေ့ကျင့်ခန်းလုပ်ဖို့်အတွက် ပုံနှိပ်စာအုပ်ထုတ်ပါ..."

မြန်မာကဗျာလက်ရွေးစင် စာအုပ်ထုတ်ရန် လွယ်အိတ်ထဲရှာလိုက်သည်။မတွေ့ပေ။

ဟင်။
ဘယ်များရောက်သွားပါလိမ့်။
လွယ်အိတ်ထဲ ထပ်ရှာလိုက်မိသည်။သို့သော်
မတွေ့ပေ။ကျကျန်ခဲ့သည်ဆိုတာမျိုးလည်း လုံးဝမဖြစ်နိုင်ပေ။သေချာပါသည်။ညက စာကျက်တာ လွယ်အိတ်ထဲ ပြန်မထည့်ခဲ့တာဖြစ်မည်ထင်သည်။ မနက်ရောက်တော့လည်း အမေ့ကိုယ်စား ပဲပြုတ်သွားပို့ပြီးမှ ကျောင်းကို ခြေသုတ်သင်ပြေးလာရတာကြောင့် စာအုပ်ထည့်ဖို့ မေ့နေခဲ့ပြီထင်သည်။

ခွင့် (Unicode+Zawgyi)Where stories live. Discover now