မိုးစင်စင်လင်းသည်နှင့် လူက ကျောင်းသို့
သွားချင်နေပြီဖြစ်သည်။မနက်စာပင် အပြည့်အဝစားမဝင်။အဆာပြေရုံသာ အနည်းငယ်မျှစားပြီး ကျောင်းဝတ်စုံလဲကာ ကျောင်းသို့ စောစောထွက်လာခဲ့လိုက်သည်။မနေ့က မေမေ့၏ ရင့်သီးသည့် စကားလုံးများအောက်တွင် မျက်နှာလေးညိုးငယ်ကာ မျက်ရည်များဝေ့ဝဲနေသည့် နောင်ရိုးသစ်ကို ထိန်လင်းတောင်းပန်ချင်သည်။ထိုမျက်ဝန်းများကို ထိန်လင်း စိတ်အာရုံထဲမှ မထွက်။ညက တစ်ညလုံးလည်း အိပ်မပျော်ခဲ့ပေ။ထိန်လင်းအောင်တစ်ယောက် နောင်ရိုးသစ်ကို တောင်းပန်ချင်သည်။
ငါတောင်းပန်ရင် မင်းလက်ခံမယ်မဟုတ်လား နောင်ရိုး။ဒါမှမဟုတ် လက်မခံပဲ သူငယ်ချင်းအဖြစ်က ရပ်တန့်ကြဖို့ ပြောမလား။ဒီလိုတော့ ထိန်လင်း အဖြစ်မခံနိုင်ပါ။
ဘယ်သူနဲ့မှ မခေါ်မပြောပဲ နေနိုင်သည်။
နောင်ရိုးနှင့်တော့ မခေါ်မပြောပဲ ထိန်လင်း
မနေနိုင်ပါ။ယောကျာ်းလေးသူငယ်ချင်း အများကြီးရှိသော်လည်း ထိုအများကြီးထဲမှ ထိန်လင်းတစ်ယောက် နောင်ရိုးကို ပိုခင်တွယ်မိသည်။ထိန်လင်းကျောင်းသို့ စောစောရောက်ကာ ကျောင်းခန်းထဲတွင် ထိုင်စောင့်နေမိသည်။အတန်းထဲသို့ တခြားသော ကျောင်းသား၊ ကျောင်းသူများ တစ်ယောက်စ၊နှစ်ယောက်စ ရောက်လာသည်။မျှော်နေမိသည့် နောင်ရိုး၏ အရိပ်အယောင်ပင် မတွေ့ရသေးပေ။
ခဏကြာသည်နှင့် ဆံပင်ရှည်လေးတစ်ခါခါနှင့် လှုပ်လီလှုပ်လဲ့ဖြင့် ဆုလဲ့နှင်းတစ်ယောက်တည်းသာ စာသင်ခန်းထဲသို့ရောက်လာသည်။သနပ်ခါးဘဲကြားနှင့် အမြဲကျောင်းလာတတ်သည့် နောင်ရိုးသစ် ပါမလာချေ။
"ဟဲ့ ဆုလဲ့ နောင်ရိုးရော မပါဘူးလား။နောင်ရိုးဒီနေ့ ကျောင်းမတက်ဘူးလား.."
"လာမှာပါ ဘာဖြစ်နေတာလဲ တကယ်တည်း မျောက်-ီးသမန်းရှသလိုပဲငြိမ်ငြိမ်ကို မနေဘူး.."
ဆုလဲ့နှင်းပြောမှ ထိန်လင်း စိတ်ကိုခဏ ချုပ်ထိန်းကာ နေရာမှာ ငြိမ်ငြိမ်လေးပြန်ထိုင်ေနလိုက်သည်။သို့သော် စိတ်ကမရချေ။နောင်ရိုးကိုသာ မျှော်နေမိသည်။စာသင်ခန်းထဲတွင် ထိုင်နေလိုက်၊ အခန်းရှေ့ရပ်တွင် ကျောင်းပေါက်ဝဆီ မျှော်ကြည့်လိုက်နှင့် တစ်ယောက်တည်း အလုပ်ရှုပ်နေသည်။
أنت تقرأ
ခွင့် (Unicode+Zawgyi)
العاطفيةတစ်ဘဝစာဖြစ်ဖြစ်၊ တစ်ခဏတာဖြစ်ဖြစ် အသက်ရှင်သန်ကျန်ရှိနေတဲ့ တစ်လျှောက်လုံး ချစ်ရသူ အနားမှာပဲ နေခွင့်ရချင်တယ်။