Chapter-3(U+Z)

378 30 0
                                    

နေ့လယ်က ကျောင်းတွင် ထိန်လင်းနှင့် သီဟနိုင်တို့  ရန်ဖြစ်ကြသည်မှာ မိမိပယောဂမကင်းဟု နောင်ရိုးသစ်ထင်မိသည်။သီဟနိုင်ဆိုတဲ့ကောင် ရန်လာစ၍ ဖြစ်ရတာဆိုပေမယ့် နောင်ရိုးသစ် ဘယ်လိုမှ စိတ်မကောင်းနိုင်ပေ။

ထိန်လင်းတစ်‌ေယာက်အိမ်မှာ သူ့အ‌ေမ
အဆူအပူခံနေရပြီလား သို့မဟုတ်အရိုက်ခံ၍ နေရပြီးလား မသိပေ။သို့မဟုတ် မိမိနှင့်ဆက်မပေါင်းဖို့ သူ့အမေက ပြောလိုက်လေမလား မသိတော့။အတွေးတွေက နှိပ်စက်ကာ စိတ်လက်ပျော်ရွှင်မှုမရှိလှ‌ေပ။

ထိန်လင်းတို့မိသားစုသည် ရပ်ထဲရွာထဲတွင် အသိုင်းအဝိုင်းကြီးကာ ကြွယ်ဝချမ်းသူများဖြစ်ကြသည်။ဆွေစဉ်မျိုးဆက် ချမ်းသာခဲ့သူများပီပီ ထိန်လင်း၏ အမေသည် အနည်းငယ်မောက်မာသည်။ အဆင့်အတန်းခွဲခြားတတ်သူလည်းဖြစ်သည်။သူမ၏သားကိုပင် ဆင်းရဲသည့်သူများနှင့်မပေါင်းစေချင်ပေ။ထိန်လင်း၏ အဖေဖြစ်သည့် ဦးတင့်ထိန်သည် မြို့ကြီးသားဖြစ်သည်။ မြို့ကြီးသား ဦးတင့်ထိန်သည် တောသူဌေးသမီး ဒေါ်မြမြရီနှင့်အကြောင်းပါ၍ တောမှာပင် အခြေချနေထိုင်ခဲ့သည်မှာကြာပြီဖြစ်သည်။ဦးတင့်ထိန်သည်ကား ဒေါ်မြမြရီလိုမဟုတ် စိတ်သဘောထားပြည့်ဝကာ လူတိုင်းနှင့် ခင်ခင်မင်မင်ရှိလှသည်။ရပ်ထဲရွာထဲတွင် အလွန်အားကိုးရသည့် ရပ်မိရပ်ဖတစ်ဦးဖြစ်လေသည်။

ကျောင်းအပြန်လမ်းတစ်လျှောက် အတွေးတွေက ခေါင်းထဲတွင် ယောက်ယက်ခတ်နေသည်။ထိန်လင်းအတွက်လည်း စိတ်ပူနေမိသည်။

"ဆုလဲ့...ဒီကိစ္စက ငါ့ကြောင့် ဖြစ်ရတာမလား.."

စဉ်းစားစရာများပြီး ခေါင်းထဲရှုပ်လာတာကြောင့် ဆုလဲ့နှင်းအား မေးလိုက်မိသည်။နောင်ရိုးသစ်အတွက် ရင်ဖွင့်ဖော်ဆို၍ ဆုလဲ့နှင်းတစ်ယောက်သာရှိလေသည်။

"ဘာတွေ အတွေးခေါင်နေတာလဲ နောင်ရိုးရယ် ထိန်လင်းနေရာမှာငါဆိုလည်း ဒီလိုပဲဖြေရှင်းမိမှာပဲလေ.."

"ဒါပေမယ့်ဟာ....."

"ဒါပေမယ့် မနေနဲ့ ဒီကိစ္စမှာ နင်တို့မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ငါမသိပေမယ့် ငါ့အခင်မင်ရဆုံးသူငယ်ချင်းတွေဖြစ်တဲ့ နင်တို့နှစ်ယောက်မှန်တယ် ဒါငါ့ရဲ့သတ်မှတ်ချက်ပဲ"

ခွင့် (Unicode+Zawgyi)Where stories live. Discover now