မနေ့က ကျောင်းစဖွင့်သည်။ဒီနေ့ နောင်ရိုးတို့ အသင်းအလှည့်ဖြစ်သည်။အသင်းခေါင်းဆောင်မို့ အနည်းငယ်တော့ အလုပ်ရှုပ်လှသည်။မနက်အိပ်ယာထကတည်းက လူက ကျောင်းသို့ ခြေသုတ်တင်ပြေးချင်လှပြီ။ဟိုသကောင့်သား ထိန်လင်းက ခုချိန်ထိ ရောက်မလာသေး။
ကျောင်းရောက်လျှင် အခန်းသန့်ရှင်းရေးလုပ်၊ အမှိုက်ပစ်နဲ့ အလုပ်ရှုပ်ချေဦးမည်။ နောက်ပြီး ဘုရားပန်းလဲရဦးမည်။
ဟုတ်သား။ မေ့တော့မလို့။
စာသင်ခန်းထဲမှ ဘုရားစင်အတွက် ပန်းဝယ်ရဦးမည်။ သူ့လက်ထဲမှ ပိုက်ဆံတစ်ပြားမှ မရှိ။အမေ့ဆီက မတောင်းချင်သော်လည်း တောင်းရဦးမည်။"အမေ သားကို ပိုက်ဆံ၅ကျပ်လောက် ပေးပါလားဟင်"
နောင်ရိုး မရဲတရဲနှင့် အမေ့ကိုစကားစလိုက်ရသည်။အဆင်မပြေမှန်း သိပေမယ့် မလွဲမရှောင်တာမို့ တောင်းလိုက်ရခြင်းဖြစ်သည်။
သူ ကျောင်းမြန်မြန်ပြီးချင်လှပါပြီ။ဒါမှသာအမေ့ကို ကူညီနိုင်မှာမဟုတ်လား။"သား ကျောင်းမှာမုန့်စားချင်လို့လား"
"မဟုတ်ပါဘူးအမေရယ် သားမုန့်မစားချင်ပါဘူး ဒီနေ့ကျောင်းမှာ သားတို့အသင်းလေဘုရားပန်းဝယ်လှူရမှာမို့..."
"ဪ အေးေအး အမေ့ဆီမှာရှိတယ် ယူသွားေချ ၅ကျပ်ဆို လောက်ရဲ့လား.."
"ဟုတ်ကဲ့ လောက်ပါတယ် အမေ"
ဖြစ်နိုင်လျှင် နောင်ရိုး အမေ့ဆီက ပိုက်ဆံမတောင်းချင်ပါ။တစ်နေ့လုပ်မှ တစ်နေ့စားရသည်မို့ ငွေငါးကျပ်သည်လည်း သူတို့သားအမိအတွက် ဟင်းတစ်ခွက်စာတော့ရသည်။
"အမေ"
"ဟင်"
"ဟို..."
"ဘာမှမဖြစ်ပါဘူး သားရယ် အမေ့မှာရှိပါေသးတယ် ယူသွားနော်"
"ဟုတ်"
"ရော့"
ချွေးခံအင်္ကျီညစ်ထေးထေးထဲမှ ငွေငါးကျပ်တန် တစ်ရွက်ကိုထုတ်ပေးလေသည်။နောင်ရိုး တုန်နေသည့် လက်အစုံကို ထိန်းကာ အမေ့ဆီမှ ငွေအား လှမ်းယူလိုက်လေသည်။
"ဒါဆို သားကျောင်းသွားတော့မယ်နော် အမေ"
"အေးအေး ဂရုစိုက်သွားနော် သား.."
YOU ARE READING
ခွင့် (Unicode+Zawgyi)
Romanceတစ်ဘဝစာဖြစ်ဖြစ်၊ တစ်ခဏတာဖြစ်ဖြစ် အသက်ရှင်သန်ကျန်ရှိနေတဲ့ တစ်လျှောက်လုံး ချစ်ရသူ အနားမှာပဲ နေခွင့်ရချင်တယ်။