Chapter-19(U+Z)

184 20 24
                                    

"အမေ ကိုလှမောင်နဲ့လက်ထပ်တော့မယ် သား"

နွေခေါင်ခေါင်မှာ ခေါင်းကို မိုးကြိုးတည့်တည့်ပစ်ခံရသလို ခေါင်းတစ်ခုလုံး မူးနောက်သွားရ‌‌ေလသည်။ကြားရသည့်စကားက ဘယ်လိုမှ မယုံကြည်နိုင်စရာပင်။အမေက ဦးလှမောင်ကြီးနဲ့ လက်ထပ်မှာသတဲ့လား။ ဟင့်အင်း။ဒီကိစ္စကို ကျွန်တော်ဘယ်လိုမှ မယုံကြည်နိုင်ဘူး။လက်လည်းလက်မခံနိုင်ဘူး။နောင်ရိုးသစ် ခေါင်းကို တွင်တွင်ခါကာ ငြင်းလိုက်လေသည်။

"အမေ...ဘယ်...ဘယ်လို လက်ထပ်မယ်ဟုတ်လားအမေ"

ကိုယ့်နားကိုပင် ယုံကြည်မှု ကင်းမဲ့လှစွာဖြင့် ကြားရသည့်စကားကို အတည်ပြုဖို့ ထပ်မေးရသည်။ဒီစကားတွေကို ပြောထွက်သူဟာ နောင်ရိုးသစ်၏အမေ‌ေဒါ်ခင်‌ေနှာင်းမှ ဟုတ်ပါရဲ့လား။

"ဟုတ်တယ် သား။ အမေ ကိုလှမောင်နဲ့ လက်ထပ်တော့မယ်"

"ဘာလို့ လက်ထပ်မှာလဲ ဘာလို့လဲ...အမေ။လက်ထပ်ဖို့လိုတဲ့ အကြောင်းပြချက်ကရော ဘာလဲ အမေ ကျွန်တော့်ကို ပြောပြပါဦး"

နောင်ရိုးသစ် မယုံကြည်နိုင်လှစွာဖြင့် အငမ်းမရမေးနေမိသည်။နောင်ရိုးသစ် ဘယ်တုန်းကမှ မစဉ်းစား၊မတွေးဖူးခဲ့သော အကြောင်းအရာတစ်ခုရယ်ပါ။ထို့ကြောင့် လက်ခံဖို့ရာ ခက်ခဲနေသည်။

"အမေကလေ အမေ့အတွက်ဆိုတာထက် သားအတွက်ပဲ စဉ်းစားခဲ့တဲ့သူပါ သားရယ်။အမေ့သားလေးက ဆယ်တန်း‌ရောက်ပြီ။ဆယ်တန်းဆိုတာကျူရှင်ထားရတယ်တဲ့ ဆယ်တန်းဆိုတာ ကျူရှင်ကူမှ အမှတ်များများနဲ့ လိုရာရောက်နိုင်တာတဲ့"

"ဟင့်အင်းမဖြစ်နိုင်ဘူး အမေ။ကျွန်တော် လုံးဝလက်မခံနိုင်ဘူး..."

နောင်ရိုးသစ် ခေါင်းကို အတွင်တွင်ရမ်းကာ ငြင်းဆန်မိပြန်သည်။

"အမေတို့မှာ အားကိုးစရာလူလည်း ရှိတာမဟုတ်ဘူး။ပြီးတော့ အမေတို့မှာပိုင်ဆိုင်တဲ့ လယ်ယာမြေလက်ငုတ်လက်ရင်းလည်း ရှိတာမဟုတ်ဘူး...သားရယ်။အမေ့သားအတွက်ရှေ့ရေးဆိုတာလည်း ရှိသေးတယ် အမေက သားအတွက် ဘာမှပေးနိုင်မှာ မဟုတ်ဘူး။သားကို ပညာအမွေတော့ ပေးခဲ့ချင်တယ် သားရယ်။အမေ့ဆန္ဒကို လက်ခံပေးပါ"

ခွင့် (Unicode+Zawgyi)Where stories live. Discover now