Chapter-43(U+Z)

153 5 2
                                    

ယနေ့ ကုမ္ပဏီတွင် ဝေဖန်သံများ၊ ပြစ်တင်သံများဖြင့် ပွက်လောရိုက်ကာတိုးတိုးတိတ်တိတ်ပြောဆိုနေကြသည့် နေ့ဖြစ်သည်။ အကြောင်းကား တခြားမဟုတ်။
မနေ့ကမှစ၍ ထပ်တိုးထုတ်ပြန်လိုက်သည့် စည်းကမ်းတစ်ခုကြောင့်ပင်ဖြစ်သည်။

"ဒါတော့ မဖြစ်သင့်ပါဘူးဟယ်..ခုကျမှ ဆရာက ဘာထဖြစ်သလဲ မသိပါဘူး။ အရင်ကဆို တစ်ဆယ့်လေးငါးမိနစ်နောက်ကျလည်း ဘာမှမဖြစ်ဘူး။ လမ်းကျပ် ကားကျပ်တာ နားလည်ပေးထားပြီးသား။ အက္ခရာ နင်ပဲ စဉ်းစားကြည့် အလုပ်နောက်ကျရင် လစာဖြတ်တာတို့၊ ခေါ်ပြီး အသိပေးတာတို့ လုပ်မတဲ့လေ"

မနေ့ကရုံးမတက်လိုက်ရတာကြောင့် အက္ခရာမသိလိုက်သည့် ထပ်တိုးစည်းကမ်းအကြောင်းကို မသက်ကပင် ဖောက်သည်ချကာ မမောနိုင်မပန်းနိုင်ပြောပြလေသည်။ အလုပ်နောက်ကျရင် လစာဖြတ်မတဲ့လား။ ဆရာ ဘာကြောင့် ဒီလိုလုပ်သည်ကို သူလည်း မစဉ်းစားတတ်ပါ။

"ဟဲ့ ငါပြောနေတာ ကြားရဲ့လား"

"ဗျာ"

"ဒါက ဖြစ်သင့်ရဲ့လားလို့"

"အင်း"

"ဘာ"

"မ မဖြစ်သင့်ပါဘူး"

အက္ခရာ ယောင်နနဖြစ်ကာ ဖြေမိဖြေရာ လျှောက်ဖြေနေမိသည်။ မသက်ပြောသမျှ စကားတွေ သူ့နားထဲမဝင်ပါ။ သူ့အတွေးအာရုံက ဆရာနှင့် ထပ်တိုးစည်းကမ်းအကြောင်း။နောက်ပြီး ဒီနေ့ သူအလုပ်ကျမိတဲ့အကြောင်းသာ...။

ခပ်သဲ့သဲ့ ကြားနေရသည့် မိန်းမစီးဒေါက်မြင့်သံက နားထဲသို့ တစ်စတစ်စ နီးကပ်လာသယောင်။ ထို ဒေါက်မြင့်ဖိနပ်ပိုင်ရှင်ဟာ ဘယ်သူလဲ ခေါင်းခြောက်အောင်ပင် စဉ်းစားနေစရာမလိုပါ။ ခန္ဓာကိုယ် တုတ်ပြားပြား၊ အရပ်ခပ်ပုပုကို ပိုင်ဆိုင်ထားသည့် တစ်ရုံးလုံး၏ အချစ်တော် မသိမ့်ပင်။ သူ့ကိုတော့ တစ်ရုံးလုံးက မဖဲဝါဟုကွယ်ရာမှာ ခေါ်ကြသည်။ထိုဒေါက်ဖိနပ်ကိုလည်း မဖဲဝါကလွဲ၍ ဘယ်သူမှမစီး။

"အက္ခရာသစ်လွင်"

"ခင်ဗျာ မဖဲ မဟုတ် မသိမ့်"

အက္ခရာ စကားမှားသွားတာကြောင့် အနားမှာရှိနေသည့်လူများ ပြုံးစိစိဖြစ်သွားကြသည်။ သို့သော်လည်း ဘယ်သူမှ ရယ်သံမထွက်ရ။ မဖဲဝါကို အားလုံးက ကြောက်ရသည်သာ။

ခွင့် (Unicode+Zawgyi)Where stories live. Discover now