Chapter-2(U+Z)

548 41 5
                                    

ကျောင်းတက်ရသည်မှာဒီနေ့လောက်
ပျော်ရွှင်ဖွယ်ကောင်းသည့်နေ့ဟူ၍ ရှိသည်ပင်မထင်။ကျောင်းလွယ်အိတ်ကို ဟန်ပါပါလွယ်ရင်း ထမင်းချိုင့်လေးကို လက်မှာဆွဲထားရသည်ကိုပင် လူကတိမ်တွင်ပေါ်တွင် လမ်းလျှောက်နေရသလိုမြောက်ကြွမြောက်ကြွဖြစ်နေသည်။

မေမေထည့်ပေးလိုက်သည့် ထမင်းချိုင့်လေးကိုဆွဲကာ ကျောင်းသို့အစောကြီး ထွက်လာခဲ့လိုက်မိသည်။အခန်းထဲရောက်တော့ လူသိပ်မရှိသေးပေ။မနက်တိုင်း သနပ်ခါးဘဲကြားနှင့်ကျောင်းလာတတ်သည့် နောင်ရိုးသစ်လည်း အတန်းထဲမရောက်သေး။အသံဆာဆာနှင့်အမြဲစကားပြောတတ်ပြီး နေရာတကာ ရှပ်ပျာပျာလုပ်တတ်သောဆုလဲ့နှင်း၏အရိပ်အယောင်လည်း ယခုထိ
မတွေ့ရသေးပေ။

ကိုယ်ကပဲစောရောက်နေသည်လား။
သူတို့ကပဲ နောက်ကျနေသည်လားမသိတော့ပေ။သူတို့နောက်ကျနေတာပဲဖြစ်မည်ထင်သည်။
ဒီနှစ်ကောင်ကလည်း ဒီနေ့မှနောက်ကျနေလိုက်တာတော်တော်နှင့်ရောက်မလာနိုင်ပေ။ကျောင်းအပေါက်ဝဆီသို့ ငေးကြည့်ရင်း မျှော်ငေးရတာလည်း ဗျိုင်းလည်ပင်းနီးပါးရှည်နေလေပြီ။

ထိန်လင်းအောင် စာသင်ခန်းထဲဝင်ပြီး ကျောင်းလွယ်အိတ်ကို စာသင်ခုံအောက်မှာ ထိုးထည့်ထားပြီး ထမင်းချိုင့်ကို လက်မှာဆွဲကာ အခန်းရှေ့တွင် ရပ်နေလိုက်သည်။ပြီးနောက် အခန်းအပေါက်ဝတွင် ရပ်ကာ နောင်ရိုးသစ်နှင့် ဆုလဲ့နှင်းကို မျှော်မြဲမျှော်နေမိသည်။

ပေါ်လာပါပြီ.....။

မတည့်အတူနေ မမြင်ရချောင်းကြည့်တတ်ကြသည့် ခွေးနှင့်ကြောင်လိုအမြဲတစေ ရန်ဖြစ်တတ်ကြသောနှစ်ယောက်။နောင်ရိုးနှင့်ဆုလဲ့တို့သည် ထမင်းချိုင့်ကိုယ်ဆီ ဆွဲကာ စကားတပြောပြောနှင့် စာသင်ခန်းရှေ့တူရှုသို့ရောက်လာသည်။

"အမယ် ထိန်လင်း  နင်ကဒီနေ့ထမင်းချိုင့်ယူလာတယ်ပေါ့လေ.."

"အေးဟုတ်တယ် ငါလည်း နင်တို့နဲ့အတူစားချင်လို့"

ထိန်လင်း ဟန်မဆောင်နိုင်စွာပင် ချက်ချင်း ပြန်ဖြေလိုက်မိသည်။ သနပ်ခါးဘဲကြားနှင့် နောင်ရိုးသစ်၏ မျက်နှာက မှုန်သုန်သုန်နှင့် ဘာမှဝင်မပြောပေ။ဒီကောင်ဘာဖြစ်နေသည်မသိ။

ခွင့် (Unicode+Zawgyi)Where stories live. Discover now