"ဒေါင် ဒေါင် ဒေါင်"ကျောင်းဆင်းအချက်ေပးခေါင်းလောင်းသံကြားသည်နှင့်ကျောင်းလွယ်အိတ်ကလေးကိုလွယ်ကာ နောင်ရိုးသစ် အိမ်ပြန်ဖို့ပြင်ေလသည်။
"ဟေ့ကောင် နောင်ရိုး"
ကျောင်းပေါက်ဝမှအထွက် နောင်ရိုးဟူ၍ တကြော်ကြော်အော်ခေါ်နေသည့် ထိန်လင်းဆိုသည့် သကောင့်သားကြောင့် ခြေလှမ်းတွေက အလိုလိုရပ်လျက်သားဖြစ်နေသည်။
"မင်းကလည်းကွာ မြန်လိုက်တာ"
"ဘာပြောမလို့လဲ မင်းက"
"ဘာမှတော့မဟုတ်ဘူးလေကွာ မင်းတစ်ယောက်တည်းပြန်ရမှာမို့ လိုက်ပို့မလို့"
"လိုက်ပို့စရာမလိုပါဘူးကွာ ဒီလမ်းဒီခရီး လမ်းလျှောက်တတ်ပါပြီဆိုကတည်းက သွားလာနေတာ မျက်စိမှိတ်တောင်သွားလို့ရနေပြီ"
"ငါက"
"ဟေ့ကောင် ထိန်လင်း မင်းလဲပြန်တော့ ငါလည်းပြန်တော့မယ်"
သူထပ်ပြောမည်ဆိုး၍ နောင်ရိုးနေရာမှ ချာကနဲလှည့်ထွက်လာခဲ့သည်။ပြောသာပြောရသည် တစ်ယောက်တည်းပြန်ရမှာပျင်းနေသည်။
ကျောင်းအပြန်လမ်းက တစ်ယောက်တည်း ခြောက်ကပ်ကပ်နိုင်လှသည်။ဘေးမှာ ပျာကလက်စိန် ဆုလဲ့နှင်းမပါချေ။သူတစ်ယောက်တည်း မြေသားလမ်းလေးထက် ပျင်းခြောက်ခြောက်ဖြင့် ပြန်လာခဲ့သည်။
ဆုလဲ့တစ်ယောက်ရော နေကောင်းပြီလား မသိ..။
"ဒေါ်လေး..ဆုလဲ့ရော နေကောင်းသွားပြီလား"
ဆုလဲ့နှင်းတို့ အိမ်ရှေ့ရောက်သည်နှင့် အလုပ်ရှုပ်နေဟန်ရှိသည့် ဒေါ်လဲ့လဲ့အား ခြံအပြင်မှမေးလိုက်ရလေသည်။
"ယတြာလေးချေလိုက်တော့ နေကောင်းသွားပြီ သားရေ လာလေ အိမ်ထဲ ဝင်ခဲ့ဦး"
"ဟုတ်"
ခြံဝင်းတစ်ေလျှာက် ဇွန်ပန်းရုံလေးများ စိုက်ပျိုးထားသည့် နေချင်စဖွယ် အိမ်ဝန်းလေးထဲသို့ ဝင်လိုက်လေသည်။
"ဆုလဲ့ရော ဒေါ်လေး"
"အိမ်နောက်ဖေးမှာ ရှိတယ်သားရေ သွားလိုက် "
YOU ARE READING
ခွင့် (Unicode+Zawgyi)
Romanceတစ်ဘဝစာဖြစ်ဖြစ်၊ တစ်ခဏတာဖြစ်ဖြစ် အသက်ရှင်သန်ကျန်ရှိနေတဲ့ တစ်လျှောက်လုံး ချစ်ရသူ အနားမှာပဲ နေခွင့်ရချင်တယ်။