Chapter-24(U+Z)

193 17 30
                                    

-သင်္ကြန်အကြတ်နေ့

"သားရေ မထသေးဘူးလားကွယ်"

အိမ်အောက်ထပ်မှ မေမေ့အသံက နားဆီသို့
ပီသသဲကွဲစွာပင် ဝင်လာလေသည်။သည်။ နားက ကြား‌ေနရပေမယ့် မျက်လုံးကအစုံကမှိတ်ထားဆဲ။ အိပ်ယာခင်းက လူတစ်ကိုယ်လုံးအား ဆွဲယူပွေ့ဖက်ထားသလို လွယ်လွယ်ကူကူနှင့် ရုန်းထွက်ဖို့ မဖြစ်နိုင်ပေ။ မျက်လုံးအစုံအား ကြိုးစားဖွင့်ကြည့်သည်။ မရ‌ပါ။

"ဟေ့ကောင် ထိန်လင်း မင်းအမေ နှိုးနေတာ
ကြာပြီ ခုထိမထသေးဘူးလား..ခုချိန်ထိအိပ်နေတာ ရွာထဲကလူတွေမသိစေနဲ့ သိရင်
မင်းကို သေတယ်ဆိုပြီး  လာဆွဲချ‌ေနကြဦးမယ်"

ဖေဖေ့အသံကြားမှ အိပ်ယာထဲမှ အားယူကာ အလျင်အမြန် ထရတော့သည်။အိပ်ယာ‌ေစာ‌ေစာထတ်သည့် ဖေဖေ့အကျင့်ကိုတော့ ထိန်လင်းလိုက်မမှီပေ။ မေမေ့အ‌‌ေပါ်တွင်သာ ဆိုးရဲသည်။ဖေဖေ့ကိုတော့ ထိန်လင်း ကြောက်ရသည်။‌ေဖ‌ေဖ့အသံပါ ကြားနေရပြီမို့ အိပ်ယာထဲက အမြန်ထရလေသည်။

"သေသွားပြီဆိုပြီး ဆွဲချကြမတဲ့လား"။

အိပ်ချင်မူးတူး မျက်နှာပေးနှင့် မျက်လုံးအစုံအား ခပ်ဖွဖွပွတ်ကာ အိမ်အောက်ထပ်သို့ ဆင်းလာခဲ့ရသည်။

"ကာလနဂါးလက်သစ်လေး ခုမှ အိပ်ယာထလာတော့တယ်...အိမ်ရှေ့က ပိတောက်ပင်ကြီးမှာ ပိတောက်ပန်းတွေ တစ်ပင်လုံးဝါအောင် ပွင့်နေပြီ
သွား ခူးချေ...သား ခူးပြီးရင် မေမေဘုရားတင်မယ် ပြီးတော့ မေမေ့ခေါင်းမှာလည်း ပန်မယ်"

ပိတောက်ပန်းဆိုသည့် အသံကြားသည်နှင့် ယခင် အိပ်မှုန်စုံဝါးဖြစ်နေသော စိတ်သည် ပကတိပင် လန်းဆန်းသွားသည်။ ပိတောက်ပန်းဆိုသည်မှာ တစ်နှစ်မှ တစ်ခါသာ ပွင့်တတ်သည့် သစ္စာရှိသည့် ပန်းဟုလည်း ပြောစမှတ်ပြုကြသည်။ စာဆိုဦးကြော့ကပင် ပိတောက်ပန်း၏ဂုဏ်ကို "တစ်နှစ်တွင်သည်တစ်လပေပ တစ်လတွင်တစ်ရက်ထဲ"ဟု ပင်ဆိုထားသည့် ပန်းဖြစ်သည်။

ထိန်လင်း အိမ်ထဲ‌မှ ပြေးထွက်ကာ ပိတောက်ပင်ကြရှိသည့် အိမ်ရှေ့သို့ ထွက်လာခဲ့သည်။

အိမ်ရှေ့ရှိ ပိတောက်ပင်ကြီးသည် တစ်ပင်လုံးဝါထိန်နေအောင်ပင် ပွင့်ဖူးနေကြသည်။ ရနံ့သင်းပျံ့ပျံ့က နှာခေါင်းဝသို့ ဝင်လာ‌ေလသည်။ ပိတောက်ပန်းရနံ့ သင်းပျံ့ပျံ့ကို တစ်ဝကြီးရှူရှိုက်‌ေနမိသည်။ပြီး‌ေနာက် မျောက်‌ေလာင်းတစ်ယောက်ကဲ့သို့ လျင်မြန်စွာဖြင့် ပိတောက်ပင်ကြီးပေါ်သို့ တက်လိုက်သည်။

ခွင့် (Unicode+Zawgyi)Where stories live. Discover now