Chapter-28(U+Z)

182 19 0
                                    

မနက်အာရုံလင်းကတည်းက ဟိုကောင်ဟိဏ်းခန့်ကို ကြည့်ရတာ ထိန်လင်း စိတ်မရှည်နိုင်လှ။မီးခဲဖင်ထိုင်မိသလို ထိုင်လိုက်၊ထလိုက်နှင့် အလုပ်ရှုပ်နေသည်။တစ်ခါတခါ  အခန်းထဲမှ စာရေးခုံပေါ်ရှိ စာရွက်အဖြူလေးပေါ်တွင် စာရေးလိုက်၊ခဏအကြာ စုပ်ဖြဲပစ်လိုက်နှင့် သံသရာလည်နေသည်။

ဟိဏ်းခန့်နှင့် အဆောင်တစ်ခုတည်း၊ အခန်းတစ်ခန်းတည်းအတူနေလာခဲ့တာ ကြာပြီဖြစ်သည်။ယခုကဲ့သို့ နေမရထိုင်မရဖြစ်ကာ စိတ်ဂဏာမငြိမ် ဖြစ်နေသည့် ပုံစံမျိုး သူ မမြင်ဖူးပါ။

ညာဘက်အခြမ်း ကုတင်ပေါ်တွင် လဲလျောင်းရင်းဟိဏ်းခန့်အား မမှိတ်မသုန်ကြည့်နေမိသည်။သူ ကြည့်နေသည့်အခိုက်မှာပင် ဟိဏ်းခန့်သည် စာရေးစားပွဲလေးပေါ်တွင် တကုတ်ကုတ်နှင့် စာရေးနေလေပြန်သည်။ခေါင်းကုတ်လိုက်၊စာရေးလိုက်လုပ်နေသည်ပင် အတော်ကြာနေသည်။

ဒီကောင်နဲ့လည်း အခက်သား။
ဘာတွေ စိတ်ဂဏာမငြိမ်ဖြစ်နေသည်မသိ။

တစ်အောင့်အကြာတွင် ရေးလက်စ စာအုပ်ကလေးအား ဖုံးကာ အခန်းထဲမှ ထွက်သွားလေသည်။အပြင်ခဏထွက်သွားဟန်တူသည်။ထိန်းထားသည့်ကြားမှ စိတ်က စာရေးခုံဆီသာ ရောက်နေသည်။ ဘာတွေ ဘယ်လို အရေးကြီးလို့ ဒီလောက် ဂဏာမငြိမ်ဖြစ်နေသလဲ ဆိုတာ ထိန်လင်း သိချင်မိသည်။

သူတစ်ပါး၏ ကိုယ်ရေးကိုယ်တာဟု သိငြားသော်လည်း စိတ်ကမရ။စိတ်ခေါ်ဆောင်ရာသို့ ခြေလှမ်းများက အလိုလိုလိုက်ပါသွားလေသည်။

ဟိဏ်းခန့် ရောက်မလာခင် ခပ်သွက်သွက်ကြည့်ရန် စိတ်ထဲမှန်းထားရင်း စာရေးခုံပေါ်မှ စာအုပ်အား လှပ်လိုက်လေသည်။

စာရွက်အဖြူလေးပေါ်တွင် ခပ်သွက်သွက်ရေးထားသည့် လက်ရေးကလေးများ။စာကြောင်းရေမှာ သိပ်မများလှပေ။အနည်းငယ်
သာရှိသည်။လက်ရေးခပ်သော့သော့နှင့် ရေးထားသည့် ဟိဏ်းခန့်၏ စာလုံးကလေးများအား ထိန်လင်း အလျင်စလို ဖတ်လိုက်မိသည်။

သို့/

မြင်မြင်ချင်း ချစ်မိပါတယ်ဆိုတဲ့ အချစ်ကို ခဗျား ယုံမလားတော့ မသိဘူး။ကျွန်တော့်ကတော့ ယုံကြည်မိတယ်။ဘာလို့လဲဆို ကျွန်တော့်ခဗျားကို မြင်မြင်ချင်းချစ်မိသွားခဲ့လို့ပါပဲ။

ခွင့် (Unicode+Zawgyi)Where stories live. Discover now