စနေ ၊တနင်္ဂနွေကျောင်းပိတ်ရက်ဆို
နောင်ရိုးသစ်အိမ်မှာ ရှိမနေတတ်ပေ။ဘေးအိမ်မှဘကြီးေကျာ်တို့နှင့် နွေစပါးစိုက်ရန် ပျိုးကြဲလိုက်ရသည်။အမေက မလိုက်ေစချင်သော်လည်း နောင်ရိုးသစ် အမေ့ဆီ မရမက ခွင့်တောင်းထားသောကြောင့် ခွင့်ပြုထားခြင်းဖြစ်သည်။နောင်နှစ်ဆို ကိုးတန်းတက်ရတော့မည်။
ရှစ်တန်းထိသာ ဖွင့်ထားသော ရွာကျောင်းလေးတွင် ကျောင်းဆက်တက်လို့ရတော့မည် မဟုတ်ပေ။ ရွာနှင့်၂မိုင်ခန့်ဝေးသော ဟိုဘက်ရွာရှိ အထင်တန်းကျောင်းသို့ နေ့ချင်းပြန် ကျောင်းတက်ရမည်ဖြစ်သည်။ ကျောင်းတက်လျှင် ပိုက်ဆံကလိုလာတော့မည်ဖြစ်သည်။အတန်းကြီးလာသည်နှင့်အမျှ ကျောင်းစရိတ်ကလည်း ပိုကုန်လာတော့မည်ဖြစ်သည်။စာအုပ်စာတန်းဖိုးကလည်း ပို၍ပင်ကုန်လာတော့မည်မှာအသေအချာပင်ဖြစ်သည်။ထို့ကြောင့် နောင်ရိုးသစ် ကျောင်းစရိတ်၊စာအုပ်ဖိုးကြိုစုထားချင်သည်။နောက်ပြီး အမေ့ကိုတစ်ဖက်တစ်လမ်းမှ ကူညီပေးချင်သည်။"မဟုတ်ပါဘူး ကျွန်မတကယ် နေမကောင်းဖြစ်နေလို့ပါရှင်"
"ရှင်တို့က ယူတုန်းက ယူပြီးကတိတည်ရမှာပေါ့"
ပျိုးကြဲပြီး ပြန်လာခါစ ရေမိုးချိုး၍ အိမ်ထဲတွင် စာဖတ်နေခိုက် အိမ်ရှေ့မှ ဆူညံညံ အသံကြားတာကြောင့် နောင်ရိုးသစ် ဖတ်လက်စစာအုပ်အား ခဏထားကာ အိမ်ေရှ့သို့ ထွက်လာခဲ့လိုက်သည်။
"ဘာဖြစ်လို့လဲ အမေ.."
အမေ မျက်စိမျက်နှာပျက်သည်။ မျက်နှာလေးက ညိုးငယ်နေကာ ရှိရင်းစွဲအသက်ထက်ပင် ကြီးနေသယောင်ထင်ရသည်။မျက်နှာမှ အရေးအကြောင်းများမှာလည်း ဒီနှစ်မှ ပိုသိသာလာသည်။
"ဘာမှမဖြစ်ပါဘူး သားရယ်"
"ဘာလို့ ဘာမဖြစ်ရမှာလဲ ရှင် ပလီပလာတွေလုပ်နေတာ မဟုတ်ဘူးလား။ ပိုက်ဆံယူတုန်းက လာယူပြီးတော့ လုပ်အားခေါ်တော့မလိုက်ချင်ဘူး အမျိုးမျိုးပဲ တတ်ပဲတတ်နိုင်လွန်းတယ်"
ရင့်သီးသည့်စကားလုံးများနှင့် ပြောနေသော အမျိုးသမီးကို နောင်ရိုးသစ် မရဲတရဲ ကြည့်လိုက်မိသည်။ထိန်လင်းအောင်၏
အမေဒေါ်မြမြရီဖြစ်သည်။ မျက်နှာမှာ လိုအပ်သည်ထက်ပင် တင်းမာနေသည်။ပိုက်ဆံရှိ မြေရှင်၊ အကြွေးရှင်တွေဆိုတာဟာ အမြဲဒီလိုပါပဲလေ။
YOU ARE READING
ခွင့် (Unicode+Zawgyi)
Romanceတစ်ဘဝစာဖြစ်ဖြစ်၊ တစ်ခဏတာဖြစ်ဖြစ် အသက်ရှင်သန်ကျန်ရှိနေတဲ့ တစ်လျှောက်လုံး ချစ်ရသူ အနားမှာပဲ နေခွင့်ရချင်တယ်။