Chapter-17(U+Z)

211 19 48
                                    

"မင်းကို မေမေဘယ်လောက်ပြောပြော မမှတ်ဘူး...ကိုယ့်ထက် အဆင့်အတန်းနိမ့်တဲ့ဟာတွေနဲ့ မပေါင်းပါနဲ့လို့ မင်းပေါင်းတဲ့သူတွေကြည့် ချုံကြားကဟာတွေ ချည်းပဲ..."

ရုံးခန်းအထွက်ကပင် ကြားရသည့် စကားတွေက နားမဆံ့သာ။ရုံးခန်းထဲတွင် မပြောဖြစ်ခဲ့သော ပြောခွင့်မရသော  စကားများအား အခန်းထဲမှအထွက်တွင် ပြောတော့သည်။
နောင်ရိုးသစ် တစ်ခါမှ စိတ်အားငယ်ခြင်းမရှိခဲ့သော်လည်း ထိုစကားများကြောင့် ဝမ်းနည်းမိသည်။ဘာရယ်ကြောင့် ဘဝပေးအခြေအနေက ဒီလောက်ဆိုးရွာသည်မသိ။နောင်ရိုး ဝဲတက်လာသည့် မျက်ရည်စ‌ေလးများအား မျက်တောင်ခတ်ကာ သိမ်းလိုက်သည်။သို့‌ေသာ် ဝမ်းနည်းအားငယ်မှုက မထိန်းသိမ်းနိုင်တော့။နောင်ရိုး မျက်လုံး အစုံအား မှိတ်ချလိုက်သည်။ ပြီးနောက် ပါးပြင်ပေါ်မှာကျနေသာ မျက်ရည်စီးကြောင်းလေးအား လက်ခုံဖြင့် ခပ်ကြမ်းကြမ်း သုတ်လိုက်သည်။

ကျောင်းအုပ်ဆရာကြီးက နေ့တစ်ဝက်ခွင့်ပေးလိုက်တာမို့ ရန်ဖြစ်စကားများထားကြသူများ အားလုံးအိမ်ပြန်ကြသည်။သ‌ေကာင့်သားထိန်လင်းကတော့ သူ့အမေ၏ ပွစိပွစိစကားများအား နားထောင်ရင်း အရှေ့မှ ထွက်သွားချေပြီ။

ရုံးခန်းရှေ့တွင် ကျန်ခဲ့သူက ကျွန်တော် တစ်ယောက်တည်းပေါ့။အင်းလေ ပြန်ရမှာပေါ့..။ ထိန်လင်း အမေပြောသလို သူနဲ့ ကျွန်တော်က အဆင့်အတန်းချင်းမှ မတူတာ။မတူညီတဲ့ လူနှစ်ယောက် ပေါင်းစပ်ဖို့ဆိုတာ မလွယ်ဘူးတဲ့။ကျွန်တော်နဲ့ ထိန်လင်းလည်း ‌‌ေရှ့‌ေလျှာက် ခင်မင်ရင်းနှီးဖို့ မလွယ်တော့ဘူးထင်ပါရဲ့။

မင်းနဲ့ပတ်သက်လာရင် ငါတမ်းတ မက်မောမိတဲ့အရာကခပ်များများရယ်...။
ငါ မင်းနဲ့ အတူရှိနေချင်တယ်။ပြီးတော့ ငါမင်းနဲ့ ကျောင်းအတူသွားချင်တယ်။မင်းရဲ့ အင်္ကျီအနားစလေးကို ခပ်ဖွဖွကိုင်ပြီး စက်ဘီးအနောက်ခုံကနေ မင်းကို စကားတွေ အများကြီးပြောချင်တယ်။
မင်းနဲ့.....ဆိုတဲ့အတွေးတွေ ငါ့မှာ အများကြီးရှိသေးတယ် ထိန်လင်း။

နောင်ရိုးသစ် ဝမ်းနည်းအားငယ်မှုတို့အား
အံတုရင်း မြေသားလမ်းလေးထက်တွင် တစ်ယောက်တည်း ခရီးဆက်နေမိသည်။

ခွင့် (Unicode+Zawgyi)Wo Geschichten leben. Entdecke jetzt