Chapter-16(U+Z)

202 18 34
                                    

အိမ်ပြန်ရောက်သည် အထိ မိုးက မတိတ်သေးပေ။ဘယ်အငြိုးကြောင့် သည်းကြီးမည်းကြီးရွာနေသည်မသိ။မိုးစက် မိုးပေါက်များက တဖြောက်ဖြောက်။

"အမေ"

"သားရယ် အမေဖြင့် စိတ်ပူလိုက်တာ
လျှပ်စီးတွေကလက် မိုးတွေကခြိမ်းနဲ့..."

"ဘာမှမဖြစ်ပါဘူး အမေ"

"ခြေထောက်က ထော့နဲ့ ထော့နဲ့နဲ့ ဘာဖြစ်လာတာတုန်း.."

"ခြေခေါက်ပြီး ချော်လဲသွားလို့ပါ အမေ"

"ငါ့သားနှယ် ဖြစ်ရမယ် လာ လာ...။အဝတ်အစားအရင်လဲ ရေနွေးပူပူလေးထဲသောက် ပြီးရင်စောင်ခြုံထဲကွေးနေဦး."

"အမေ ဒါက..."

နောင်ရိုးသစ်သည် အိမ်ကလေး၏ အိမ်ခေါင်မိုးကို လက်ညိုးထိုးပြကာ ဆက်မမေးဘဲ စကားရပ်ထားလိုက်သည်။ အိမ်ကလေးမှာ မိုးမလုံတာ နောင်ရိုးသစ်ရော ဒေါ်ခင်နှောင်းရော အသိပင်ဖြစ်သည်။အရင်က သက်ငယ်မိုးထားသော်လည်း ယခုအခါ သက်ငယ်အသစ်လဲပြီး ပြန်မိုးဖို့ကလည်း ငွေကြေးမပြည့်စုံလှပေ။သက်ငယ်‌ေစျးကြီးတာ‌ေကြာင့် ခေါင်မိုးအပေါက်လေးများကို လျစ်လျူရှုထားရတာ ကြာချေပြီ။ထို့ကြောင့်ပင် နွေရာသီကတည်းက သားအမိနှစ်ယောက် တောထဲသွား အင်ဖက်ခူးကာအခြောက်လှမ်းထားခဲ့သည်။ အင်ဖက်လေးများခြောက်သည့်အခါ မိုးမလုံသည့် အပေါက်နေရာများကို လိုက်ဖာထေးရန်ဖြစ်သည်။

"ဟုတ်တယ် သားရဲ့ မိုးကလည်း တော်တော်သည်းနေတာနဲ့ တောင်ဘက်ပိုင်းက ကိုလှမောင်ကို သွားခေါ်ပြီး ဖာ ခိုင်းလိုက်ရတာ"

အမေ့၏ အပြောကို နောင်ရိုးသစ် သိပ်တော့ သဘောမကျလှပေ။

"....."

"ကဲပါ သားရယ် အဝတ်အစားလဲ ချမ်းနေရော့မယ် အမေ ရေနွေးပူပူလေး ခပ်ထားလိုက်မယ်.."

နောင်ရိုးသစ် အမေ့ကို ခေါင်းညိတ်ပြပြီး အဝတ်အစားလေးများအား ချွတ်လိုက်သည်။ထို့နောက် ရေချိုးရန် အိမ်ရှေ့ရှိ စဉ့်အိုးများထားသော နေရာလေးဆီသို့ ထွက်လာခဲ့သည်။

စဉ့်အိုးလေး၏ ဘေးတွင် ထိုင်ချလိုက်ပြီး စဉ့်အိုးထဲမှ ရေတစ်ဖလားခပ်ကာ ခေါင်းပေါ်က‌နေ ချိုးချလိုက်သည်။လူတစ်ကိုယ်လုံး အေးသွားသည်။သို့သော် ရင်ထဲမှ အပူလုံးက မအေးခဲနိုင် ပူလောင်နေမြဲဖြစ်သည်။

ခွင့် (Unicode+Zawgyi)Where stories live. Discover now