နေ့လယ်ကတည်းက ဗိုက်အရမ်းအောင့်နေသည့် နောင်ရိုးကြောင့် ထိန်လင်း စိတ်မချနိုင်။ခဏခဏ ဖြစ်နေတတ်တာကြောင့် စိုးရိမ်မိသည်။နောက်နေ့မှ ဒီကောင်နောင်ရိုးကို ညာခေါ်ပြီး ဆေးခန်းပြပေးဦးမည်ဟု တေးထားလိုက်သည်။
"ထိန်လင်းရေ ဟေ့ကောင် ထိန်လင်း"
အိမ်ထဲတွင် အေးအေးလူလူထိုင်နေခိုက် အိမ်ရှေ့မှ အသံဆာဆာကြောင့် အိမ်ရှေ့ထွက်ကြည့်မိတော့ လာခေါ်သည့်လူက ငချစ်ဖြစ်နေသည်။
"ဟေ့ကောင် ငချစ်လာလေကွာ"
အိမ်ရှေ့မှ တကြော်ကြော်ခေါ်နေသည့် ငချစ်အား အိမ်ထဲဝင်ရန် ခေါ်လိုက်လေသည်။ငချစ်အိမ်ထဲရောက်၍ ကုလားထိုင်ပေါ်သို့ ဖင်ချမိသည်နှင့်
"ဖေဖေနဲ့မေမေတော့မရှိဘူးကွ"
"အေးပါ မင်း ကျောင်းပိတ်ရက်ရွာပြန်လာတယ်ကြားလို့ မင်းဆီလာတာ"
"အေး ဟုတ်တယ်ကွ သုံးရက်တည်းပိတ်တာပါကွာ"
"မင်းက ကောလိပ်ကျောင်းသားကြီးဖြစ်မှ အသားတွေဖြူပြီး ချောနေတာပါပဲကွာ ငါတို့များတော့"
"မင်းကလည်း ပြောရော့မယ်"
"ဒါနဲ့ မင်းတို့ကောလိပ်မှာ ကောင်မလေး ချောချောလေးတွေ မရှိကြဘူးလား"
"ပေါသမှပဲကွာ"
"မင်းရော ချစ်သူရည်းစားရနေပြီလား"
"မရသေးပါဘူးကွာ ငါက စိတ်ကိုမဝင်စားသေးတာ"
"ဟေ့ကောင် ဘာလဲ မင်းကရော မိန်းမလိုချင်နေပြီလား"
"မ မဟုတ်သေးပါဘူးကွာ"
"ငါကြားပါတယ် ငချစ်ရာ မင်းထွေးမြနဲ့ ကြိုက်နေတယ်ဆို"
"ဟဲ ဟဲ ဟုတ်တယ်ကွ ဒီဝါကျွတ်ရင်ယူမှာ"
"မေ့နေလိုက်တာကွာ ခဏနေဦး ငါ ပဲလိပ်သွားယူဦးမယ်"
"ရပါတယ်ကွာ"
"နေပါ ငါအများကြီးဝယ်လာတာကွ"
ထိန်လင်း အိမ်ပေါ်တက်ကာ ကောလိပ်မှ အပြန်ဝယ်လာခဲ့သည့် ပဲလိပ်အထုတ်များထဲမှ အထုတ်ငယ်တစ်ထုတ် သွားယူလိုက်သည်။
ရွာပြန်လာရင် ရွာကမိဘဆွေမျိုးအားလုံးက ပဲလိပ်ကိုတော့ တောင့်တကြသည်။ မကွေးပဲလိပ်ဆိုလျှင် မကြိုက်သူမရှိ ကောင်းလှတာမို့လည်း ဖြစ်မည်ထင်သည်။
YOU ARE READING
ခွင့် (Unicode+Zawgyi)
Romanceတစ်ဘဝစာဖြစ်ဖြစ်၊ တစ်ခဏတာဖြစ်ဖြစ် အသက်ရှင်သန်ကျန်ရှိနေတဲ့ တစ်လျှောက်လုံး ချစ်ရသူ အနားမှာပဲ နေခွင့်ရချင်တယ်။