လူ့လောကထဲ စတင်ဝင်ရောက်ခဲ့တဲ့ နေ့ကို ငါ မမှတ်မိတော့ဘူး နောင်ရိုး။
မင်းနဲ့အတူ ကြယ်တွေထိုင်ရေဖူးတဲ့ နေ့စွဲကိုတော့ သတိတရနဲ့မှတ်မိနေတုန်း...။
မင်းခေါ်နေကျ "ခွေးကောင်"လို့ ခေါ်သံလေးတွေက ငါ့နားထဲပြန်ကြားယောင်နေဆဲပဲ။ ရယ်လိုက်ရင် ခွက်သွားတဲ့ မင်းပါးချိုင့်လေးကို ပြန်တောင်းတမိနေဆဲပဲ..။နံနံပင်မကြိုက်တဲ့ မင်းကို မုန့်ဟင်းခါးစားတဲ့အခါတိုင်း နာနာကျင်ကျင် လွမ်းရပြန်ပါတယ်။
အဲဒီနေ့စွဲတွေ
အဲဒီအမှတ်တရတွေ
အဲဒီတုန်းက ရင်ခုန်သံတွေကို
ပြန်တွေးတိုင်း ငါ့မှာ ရင်နာနာနဲ့ ပြုံးရပြန်တယ်။မင်းက ငါ့ဘဝထဲက ဘယ်တော့မှပျောက်ပြယ်သွားမှာမဟုတ်တဲ့ ငါ့ရဲ့တက်တူး။နောက်ပြီး ငါ့ရင်ထဲမှာအမြဲတမ်းအမြစ်တွယ်နေမယ့် ကင်ဆာ။
သတိရတယ် နောင်ရိုး ပြီးတော့ လွမ်းတယ်။
နွေဦးပေါက်ချိန်ရောက်တိုင်း ခွေးရူးကြောက်တတ်တဲ့ မင်းကို ငါ့ကျောမှာထမ်းပိုးချင်နေမိတုန်း။မင်း ကျွေးမယ့် ငရုတ်သီးပါတဲ့ မုန့်လုံးရေပေါ်ကို သင်္ကြန်ရောက်တိုင်း စားချင်နေတုန်းပဲ....။
မိုးဦးကျခါစ ဖားခုံညင်းသံ တအွမ်အွမ်က တစ်ယောက်ထဲ ကျန်နေခဲ့တဲ့ ငါ့ကို အဖော်အပေါင်းနဲ့ နှိမ်နေသလိုပဲ။မင်းသိလား နောင်ရိုး...လျှပ်စီးလက်ပြီး မိုးတေွခြိမ်းရင် အရမ်းကြောက်တတ်တဲ့ မင်းကို
ငါ့ရင်ခွင်က ခုထက်ထိ အလိုက်တသိနဲ့ ကာကွယ်ပေးချင်နေတုန်းပဲ..။ချစ်ခြင်းတရားအကြောင်း နောက်ကျမှ သိခွင့်ရခဲ့တဲ့ ကောင်ပါ။ အနီးအနားက မင်းအချစ်တွေကို ငါမမြင်နိုင်ခဲ့ဘူးေလ။
လူနှစ်ယောက်ချစ်ကြဖို့ သဘာဝတရားကို လွန်ဆန်စရာလည်း မလိုပါဘူး နောင်ရိုးရာ။အဓိကက ငါတို့နှစ်ယောက်ရဲ့ မေတ္တာထားလိုမှုပဲ မဟုတ်လား။ငါ မင်းကိုချစ်တယ် နောင်ရိုး။
မင်းကြားနိုင်သေးရင် ခုမှပြောရသလား ခွေးကောင်ဆိုပြီး ထထိုးနေဦးမယ်ထင်တယ်။ချစ်ဖို့ နောက်ကျခဲ့တဲ့ ငါ့ကို မင်းပေးချင်တဲ့ အပြစ်ပေး ပေးကွာ။တစ်ခုပဲ
ငါ့အနားကိုတော့ ရောက်တဲ့အရပ်က မင်း ပြန်လာခဲ့ပေး။
YOU ARE READING
ခွင့် (Unicode+Zawgyi)
Romanceတစ်ဘဝစာဖြစ်ဖြစ်၊ တစ်ခဏတာဖြစ်ဖြစ် အသက်ရှင်သန်ကျန်ရှိနေတဲ့ တစ်လျှောက်လုံး ချစ်ရသူ အနားမှာပဲ နေခွင့်ရချင်တယ်။