Chapter-42(U+Z)

141 8 1
                                    

ချစ်တယ်ဟူသည့် စကားကို အရှက်သည်းစွာ ပြောပြီး ဆရာ့အခန်းထဲက ထွက်ပြေးလာခဲ့ရသော်လည်း နေရာကိုပြန်ရောက်သည်အထိ ရင်ခုန်သံတို့က အရှိန်မပြယ်သေးပေ။စည်းချက်မဲ့စွာဖြင့် ရင်ကို တဒုန်းဒုန်းလာဆောင့်နေသည်။

မသက်ကတော့ အက္ခရာကို ဘာဖြစ်တာလဲဟူသည့် အကြည့်ဖြင့် မျက်တောင်မခတ်အကဲခတ်ကြည့်နေသည်။ အက္ခရာ ဖာသိဖာသာနေလိုက်ချင်သော်လည်း မရပြန်။ အရမ်းစပ်စုတတ်သည့် မသက်ကပင်စ၍ စကားဆိုလာလေသည်။

"အက္ခရာလေး ဆရာက ဘာတဲ့လဲ။ ဒီတစ်ခါရော ဆူခံလိုက်ရပြန်ပြီလား"

"မဟုတ်ပါဘူး မသက်ရယ်"

"ဒါဆို ဘာဖြစ်လို့ မျက်နှာကြီးက ဒီလောက် နီနေရတာလဲ"

"ဟင် ဟုတ်လား"ဟုဆိုကာ မျက်နှာကိုပင် ယောင်ယမ်းကာ ပြန်စမ်းလိုက်မိပါသည်။ ဆရာရှေ့မှာရော ကျွန်တော့်မျက်နှာထက်မှာ ရှက်သွေးတွေဖြာနေခဲ့တာလား..။ ရှက်စရာကောင်းလိုက်တာ။

"အက္ခရာလေးနော် မသက်ကိုတော့ ဘာမှလျိုထားမယ်မကြံနဲ့"

"အင်းပါ မသက်ရယ်..အက္ခရာ့မှာ ဘာလျိုစရာ ကိစ္စရှိရမှာလဲ"ဟုဖြင့် မှင်သေသေနှင့် ဖြေလိုက်ရလေသည်။ မသက်မှူးခင်က ယုံဟန်မတူပါ။

"ဒါဆို ဆရာက ဘာပြောလိုက်လဲ မသက်ကိုပြောပြ။ တစ်ခုခုတော့ ထူးတယ်ဆိုတာတော့ သေချာနေတယ်နော် ဟွန့်။ ဘာလဲ ပြောပြ"

မေးခွန်းတွေ တန်းစီကာမေးနေသော မသက်ကြောင့် အက္ခရာ စိတ်အိုက်လာရသည်။မသက်မေးခွန်းများအကြား ဘယ်လိုရှောင်ထွက်ရမလဲ မသိဖြစ်နေသည်။ အရှိန်မပြယ်ခဲ့သေးသော ရင်ခုန်သံတို့သည် မသက်၏ မေးခွန်းများအကြား အရှိန်ပျက်သွားရသည်။

"ဘာကိစ္စမှမထူးပါဘူး။ မေးစရာရှိတာ နောက်နေ့မှမေး။ ခုတော့ အလုပ်တွေဝန်ပိနေလို့ လုပ်လိုက်ဦးမယ်နော်"ဟု တိတိကျကျအ‌ဖြေမပေးဘဲ အလုပ်ရှုပ်နေဟန်ပြလိုက်ရသည်။ မေးချင်နေသည့် မေးခွန်းတွေ တန်းစီရှိနေသည့် မသက်ကတော့ မကျေမချမ်းမျက်နှာဖြစ်သွားရသည်။

ပြီးနောက် နှစ်ယောက်လုံး အလုပ်ထဲမှာ အာရုံလွှဲထားလိုက်ကြရသည်။

ခွင့် (Unicode+Zawgyi)Where stories live. Discover now