Chapter-29(U+Z)

199 25 40
                                    

ခပ်မှန်မှန်မောင်းနှင်လာသည့် ဆိုင်ကယ်နှစ်စီးသည် စေတီအမွန်မြသလွန်၏ ခြေရင်းသို့ ရောက်လာခဲ့ကြလေသည်။

အဝင်ဝတွင် ဆိုင်ကယ်ရပ်ခဲ့ကာ ဘုရားစောင်းတန်းအတိုင်း ဘုရားပေါ်သို့ တက်ခဲ့ကြသည်။

ဘုရားစောင်းတန်းများတစ်လျှောက်တွင် ဘုရားဖူး အပြန်လက်ဆောင်ရောင်းချသည့် ဈေးသူ၊ဘုရားတွင်ကပ်လှူရန် ဘုရားပန်း၊တံခွန် ၊ကုက္ကားရောင်းချသူများနှင့်ဘုရားဖူးဧည့်သည်များဖြင့်စည်ကားလျက်ရှိသည်။

စောင်းတန်း လှေကားထစ်များမှတစ်ဆင့် ဘုရားရင်ပြင်ပေါ်သို့ ရောက်ရန် လျှောက်ရသည့်ခရီးက မနည်းလှပေ။ထို့ကြောင့် အတောင်နှစ်ဆယ်ဝတ်ယောကျာ်းများဖြစ်သည့် သူတို့ပင်လျှင် ခေတ္တမျှနားရင်း မှန်မှန်လျှောက်ကြရလေသည်။

"အမှတ်တရ ရင်ထဲရှိတယ် သူနဲ့ဆုံတွေ့ခဲ့ရာ တမာရနံ့လေးသင်းသင်း မွှေးတဲ့ အညာမြေကို ပြန်သတိရနေသည်...။ဆည်းဆာနေညိုချိန်မှာ
ဧရာဝတီ မြစ်ကမ်းနံဘေးက ငွေသောင်ယံ ကမ်းရဲ့အထက်မှာ မကွေး မြို့အစွန် မြသလွန်ကို အတူဖူးခဲ့တာတွေ မေ့မရနိုင်ပါပြီ အခွင့်ရယ်သာတဲ့ တစ်နေ့မှာ....အပြေးကလေးလာခဲ့ဦးမည်။ရွှေညာသူရေ ကိုယ်လာရင် ကြိုမာလားလို့ အတည်..."

သူ မြသလွန်ဘုရားသို့ ရောက်တိုင်း တေးသံရှင်အောင်သူရဲ့"ကိုယ်လာရင်ကြိုလာမှာလား"ဆိုတဲ့ သီချင်းလေးကို ခဏခဏ ညည်းမိသည်။

"ဘာလဲ ကိုထိန်က ငယ်ချစ်ဦးကို လွမ်းနေတာလား"

"မဟုတ်ပါဘူးကွာ။ဒီအတိုင်းပဲ ရောက်နေတဲ့ နေရာနဲ့ကိုက်ညီတဲ့သီချင်းလေးတွေ့လို့ ဆိုမိတာပါ"

"မသိပါဘူးဗျာ ရွာမှာ ကျန်ခဲ့တဲ့ စာဥတို့များလွမ်းနေလားလို့"

"ဟိဏ်းခန့် မင်းကတော့ ပြောရော့မယ်ကွာ"

"ဟုတ်သားပဲ ကိုခန့်ရာ။သူကလွမ်းချင်းလွမ်း စာဥဘယ်မလွမ်းနဲ့ ကောလိပ်ကမိန်းကလေးတွေပဲ လွမ်းမှာပေါ့ကွ"

"မင်းကရော လုပ်ပြန်ပြီ နောင်ရိုးရာ...။
ငါ့အကြောင်း မင်းမသိတာလည်း မဟုတ်ပဲနဲ့ကွာ ငါကကောလိပ်က ကောင်မလေးတွေ တစ်ယောက်မှ စိတ်မဝင်စားပါဘူးကွာ"

ခွင့် (Unicode+Zawgyi)Where stories live. Discover now