၁၉၉၅ခုနှစ်
ဆယ်တန်းစာမေးပွဲရက် နီးလာပြီမို့ အရင်လိုအလေလိုက်လို့ မရတော့ပေ။ ဟေလားဝါးလား လုပ်နေလို့ မရ။သင်ပြီးသမျှ စာတွေ ကျက်ရသည်။ကျက်ပြီးသားစာများကိုလည်း Revisionပြန်ရသည်။ဆယ်တန်းစာမေးပွဲတွင် အမှတ်များပြီး ဂုဏ်ထူးများစွာနှင့် အောင်ချင်သည့် ထိန်လင်း၏ စိတ်ကြောင့်လည်းဖြစ်သည်။
ဒါမှလည်း ထိန်လင်း အမြဲလိုလို အိမ်မက် မက်နေခဲ့ရသည့် အင်ဂျင်နီယာလိုင်းကို မှီမှာလေ။စာမေးပွဲနီးသည်နှင့် ကျူရှင်ကို နေ့ချင်းပြန်တက်ပြီး ညနေကျောင်းဆင်းလျှင် အိမ်ပြန်ရသည်။ ညကျူရှင်တက်ဖို့ အိမ်တွင် ထမင်းပြန်စားဖို့ဖြစ်သည်။ ထမင်းစားပြီးတာနှင့်ရွာကနေပြန်လာကာ ညကျူရှင်တက်သည့်အိမ်မှာပင် ညအိပ်ရသည်။
နောင်ရိုးတို့ ဆုလဲ့တို့နှင့်လည်း သိပ်မတွေ့ဖြစ်တော့ပေ။စာေမးပွဲ နီးလာပြီမို့ စာကိုသာ အာရုံစိုက်နေရသည်။
အရင်ရက်တွေကိုတော့ တစ်ခါတလေ လွမ်းမိပါသည်။ စလိုက် နောက်လိုက်နှင့် အတော်ပျော်စရာကောင်းသည်။ ဟိုကောင်နောင်ရိုးနှင့်ပင် စက်ဘီးအတူတူ မစီးရတာကြာချေပြီ။ ဒီကောင် စက်ဘီးဝယ်ပြီးကတည်းကဆို ပိုမှန်ပေလိမ့်မည်။
ဒီနေ့တော့ ကျူရှင်တွင် အမှတ်၁၀၀ဖိုး စာမေးပွဲအစမ်းစစ်ေလသည်။ စာမေးပွဲဖြေပြီးပြီးချင်း ထိန်လင်းအခန်းထဲမှ ထွက်လာကာ ကျူရှင်ရှေ့ရှိ ဗန်ဒါပင်ရိပ်ေအာက်တွင် သူငယ်ချင်း
နှစ်ေယာက် ကို ထိုင်စောင့်နေမိသည်။တောင်လေက တဖြူးဖြူးတိုက်ခတ်နေသည်။ဗန်ဒါပင် အရိပ်အောက်တွင် အေးအေးလူလူဖြင့် ထိုင်စောင့်နေရင်းမှပင် ခေါင်းထဲသို့ ဖျတ်ခနဲဝင်လာသည့် အတွေးလေးကြောင့် ထိန်လင်း နေရာမှထကာ ချက်ချင်းလုပ်လိုက်လေသည်။
တစ်အောင့်ကြာသည်နှင့် ကျူရှင်အိမ်ထဲမှ လူတစ်ချိူ့ တစ်စတစ်စ ထွက်လာသည်။ထိုလူများထဲတွင် နောင်ရိုးနှင့်ဆုလဲ့ပါ ပါလာလေသည်။
"ဘယ်လိုလဲ ဖြေနိုင်ကြလား"
အနားသို့ရောက်ရောက်ချင်း ထိန်လင်း ဟန်ကိုယ့်ကာ မေးလိုက်လေသည်။
DU LÄSER
ခွင့် (Unicode+Zawgyi)
Romantikတစ်ဘဝစာဖြစ်ဖြစ်၊ တစ်ခဏတာဖြစ်ဖြစ် အသက်ရှင်သန်ကျန်ရှိနေတဲ့ တစ်လျှောက်လုံး ချစ်ရသူ အနားမှာပဲ နေခွင့်ရချင်တယ်။