Chapter_38(U+Z)

167 11 8
                                    

"ဆရာက သိပ်ချောတာပဲနော်"

ဒါက Siteထဲစပြီး အလုပ်ဆင်းသည့် ပထမဆုံးအချိန်၌ ကြားရသည့် စကားဖြစ်သည်။ ဦးရေခဲတုံးကြီးအား အလုပ်သမားလေးများမှ ချီးမွမ်းခန်းဖွင့်သည့်စကားများက နားထဲမှ လျှံထွက်လုမတတ်ပင်။

"ဟဲ့ ဒါမျိုးက ချောတာမဟုတ်ဘူးအေ့။ ခန့်တာဟဲ့ ခန့်တာ။ ခေတ်စကားနဲ့ပြောရရင် အမိုက်စားဘီးကျဲကြီးပေါ့ဟယ်"

"အေးဟယ် အသက်ကသာ လေးဆယ်နားနီးနေတာ ငါဖြင့် မထင်ပါဘူး။လူကဖြင့် နုဖတ်ပြီး သုံးဆယ်စွန်းစွန်းလို့ပဲ ထင်နေရတုန်း"

"လူပျိုကြီးဆိုတော့လည်း အရွယ်တင်တာပေါ့အေ"

Siteထဲတွင်လည်း ထိုလူကြီး၏ ကောင်းသတင်း ချီးမွမ်းခန်းအား အလုပ်သမလေးများထံမှ မျိုးစုံ အမွှန်းတင်နေသည်မှာ မကြားချင်လောက်အောင်ပင်။

"နောက်ပြီး သဘောကလည်း ဘာကောင်းသလဲ မမေးနဲ့။ ဟိုတစ်နေ့က ကျုပ် နေမကောင်းလို့ အလုပ်မဆင်းဖြစ်တာကို အလုပ်ခေါင်းကို ကျန်းမာရေးစရိတ်ပေးလိုက်တယ်တဲ့လေ"

"ကျုပ်သာ အပျိုကြီးဖြစ်နေသေးကြည့် ဟင်း"

ဟိုလူကြီး သန့်စင်ခန်းဘက်ခဏ သွားစဉ် အလုပ်သမလေးများ အလုပ်လုပ်နေသည့်နေရာတွင် ရပ်စောင့်နေမိသည့် မိမိအမှားပင်ဖြစ်တော့မည်။

အဟက်။ ဘာတဲ့ အမိုက်စား ဘီးကျဲကြီးတဲ့။ဘယ်နေရာသွားမိုက်ပြီး ဘယ်နေရာ ခန့်သလဲ။ အမြဲတမ်း တည်တင်းနေပြီး ပြုံးရယ်ခြင်းမရှိတဲ့မျက်နှာနဲ့ တစ်ခုခုအား အလိုမကျသည်နှင့် မျက်ခုံးထူထူတန်းတန်းများ ပင့်တက်သွားသည်အထိ စဉ်းစားတတ်သည့် ထိုလူကြီးကို အက္ခရာတော့ ကြည့်မရပါ။

"သွားမယ် ချာတိတ်"

အနားသို့ မထင်မှတ်ပဲ ရောက်လာ၍ အက္ခရာ ခေတ္တမျှကြောင်ငေးသွားရလေသည်။

"ဟိတ် ဘာငိုင်နေတာလဲ သွားမယ်လို့"

"ဗျာ ဟုတ် ဟုတ်ကဲ့ဆရာ"

အရှေ့မှ ထွက်သွားသည့် ထိုလူကြီး၏ အနောက်သို့ အက္ခရာ စာရွက်ဖိုင်တစ်ချို့ပိုက်ကာ အပြေးလိုက်ရလေသည်။

ခွင့် (Unicode+Zawgyi)Where stories live. Discover now