မနက်ပိုင်း စာသင်ချိန်တစ်ချိန်လုံး နောင်ရိုးသစ်နှင့်ထိန်လင်းအောင်တို့ စကားမပြောကြချေ။မေခါ်မေပြာပဲ နေကြတော့သည်။အနားတွင်ထိုင်နေရသော ထိန်လင်းသည်လည်း တစ်လုံးတပါဒမှ မဟချေ။
ဒီကောင် ကဘာလဲ။
သူကပဲအော်သေးတယ် သူကပြန်မချော့။
ဘာလဲ မခေါ်ပဲ နေနိုင်တယ်ဆိုတဲ့ သဘောလား။နေကွာ...ငါလည်း မခေါ်ဘူး။အင်း။ငါက စခေါ်သင့်သလား။နေကွာ မခေါ်တော့ဘူး။နောင်ရိုးသစ်တစ်ယောက် စိတ်ထဲချီတုံချတုံဖြစ်နေသည်။
"ဒေါင် ဒေါင်...ဒေါင်..."
ထမင်းစားကျောင်းဆင်းသည့် အချက်ပေးခေါင်းလောင်းသံကြောင့် ကျောင်းသားအားလုံးက လှုပ်လှုပ်ရွရွဖြစ်သွားကြသည်။ ပြီးနောက် စာအုပ်ကိုယ်စီ သိမ်းကာ ဆရာမကိုနှုတ်ဆက်ကြသည်။
"မင်္ဂလာပါဆရာမ ကျေးဇူးတင်ပါတယ် ဆရာမ"
ဆရာမ အတန်းထဲမှ ထွက်သွားသည့်နှင့် အိမ်ပြန်၍ နေ့လယ်စာစားကြမည့်ကျောင်းသားတစ်ချို့သည် အတန်းထဲမှ ထွက်သွားသည်။ထမင်းချိုင့်ပါကြသော ကျောင်းသားတစ်ချို့သည်လည်း ကိုယ့်အုပ်စုနှင့်ကို စားကြသောက်ကြရန် နေရာယူကြသည်။
"ထမင်းချိုင့်ယူခဲ့ကြ ထမင်းစားမယ် ဟဲ့ ဟိုကောင်ထိန်လင်း ဘာငိုင်နေတာလဲ နင်က ဘုဉ်းမပေးတော့ဘူးလား"
ထိန်လင်းကို ငဲ့စောင်းကာ ခိုးကြည့်လိုက်မိသည်။
မျက်နှာက မှုန်သေသေနဲ့ မခေါ်ချင်မပြောချင်သည့် ပုံစံ။နောင်ရိုးသစ် ထမင်းချိုင့်လေးကိုဆွဲကာ စားနေကျနေရာလေးဆီ ထိုင်လိုက်မိသည်။တစ်အောင့်ကြာသည်နှင့် မျက်နှာမှုန်သုန်သုန်ဖြင့် ထိန်လင်းအောင်သည် ထမင်းချိုင့်လေးကို ဆွဲကာ အနားသို့ရောက်လာသည်။ထမင်းချိုင့်အား စာသင်ခုံလေးပေါ်တင်ကာ အနားမှ လှစ်ခနဲထွက်သွားသည်။
"နောင်ရိုး...ထိန်လင်းကလေ"
"ထားလိုက်ပါတော့ဟာ ငါက အဲ့တာကို ယူထားလိုက်မိတယ်ဆိုတာကလည်း သီဟငါတို့ အနားက မြန်မြန်သွား အေးရော ဆိုပြီး စဉ်းစားမိလို့ပါ..."
YOU ARE READING
ခွင့် (Unicode+Zawgyi)
Romanceတစ်ဘဝစာဖြစ်ဖြစ်၊ တစ်ခဏတာဖြစ်ဖြစ် အသက်ရှင်သန်ကျန်ရှိနေတဲ့ တစ်လျှောက်လုံး ချစ်ရသူ အနားမှာပဲ နေခွင့်ရချင်တယ်။