Chapter-18(U+Z)

203 19 33
                                    

ညသည် မှောင်ပျပျ။လဆန်းရက်ဖြစ်တာမို့
လကလည်း ဝင်းဝင်းပပမရှိလှပေ။
သက်ကြီးခေါင်းချချိန်ရောက်သည်အထိ နောင်ရိုးသစ် အိပ်မပျော်ပေ။အိပ်ယာထက်တွက် ဘယ်ညာလူးလိမ့်ကာ အိပ်မပျော်ရှိနေသည်။ခေါင်းအုံးအောက်တွင်ထားထားသည့် ပန်းပွင့်ကလေးများ ကြောင့်လား...။ဒါမှမဟုတ် ဒီနေ့ဖြစ်ပျက်ခဲ့သည့် ပြဿနာများကြောင့်လား...။မျက်စိများကြောင်ကာ တော်တော်နှင့်အိပ်မရပေ။

Kiss meပန်းက‌ေလး‌ေတွကို ခေါင်းအုံးအိပ်ရင် တကယ်ပဲ ဖူးစာရှင်ကို မြင်မက်သလား ကျွန်တော်မသိ‌ေပ။သို့သော် စူးစမ်းချင်စိတ်ကြောင့်ပင် ခေါင်းအုံးအောက်တွင် ပန်းကလေးများက နေရာယူထားကြလေပြီ။မျက်စိနှစ်လုံး စုံမှိတ်ပြီး အိပ်ပျော်ခဲ့လျှင် အိမ်မက်ထဲတွင် ဘယ်သူ့ကို မြင်မက်မှာလဲ မသိ။သိကျွမ်းနေကြတဲ့လူတွေ ဖြစ်နေမလား....ဒါမှမဟုတ် တစ်ခါမှ မမြင်ဖူးတဲ့သူတွေများဖြစ်နေမလား...။အကယ်၍ မက်လာခဲ့ရင်ရော အဲ့ဒီလူကို ကျွန်တော် လက်ခံနိုင်ပါ့မလား။

အတွေးပေါင်းစုံက လူကို နှိပ်စက်နေသည်။ အိပ်မပျော်သည့်ညက ညတာရှည်လွန်းလှသည်ထင်သည်။

အိပ်မပျော်လျှင် ဝင်လေထွက်လေ မှတ်ရတယ်တဲ့။ရွာဦးကျောင်း တရားစခန်းတုန်းကဘုန်းကြီးပြောဖူးတာပါ။ နောင်ရိုးသစ် ကြံရာမရသည့်နောက်ဆုံး နှာခေါင်းဝမှ လေအဝင်အထွက်အား စိတ်ထဲမှတ်ထားရသည်။‌ေလတစ်ချက်ရှုလိုက်တိုင်း ဝင်တယ် ၊ ပြန်ထုတ်လိုက်မိတိုင်း ထွက်တယ်ဟု အကြိမ်ကြိမ်မှတ်ရင်း မျက်လုံးများပါ မှေးစင်းလာရလေသည်။မကြာပါ နောင်ရိုးသစ်တစ်ယောက် အိပ်ပျော်သွားလေသည်။

အနားသို့ကပ်လာလိုက် ....ပျောက်သွားလိုက်။ ပုံစံက အခါတိုင်း မြင်နေကျပုံစံနှင့်မတူ။မျက်နှာမှာ အနည်းငယ် ဝမ်းနည်းနေဟန်ပေါက်နေသည်။ အနားသို့ ကပ်လာပြီးနောက် နှုတ်ခမ်းများခပ်ဟဟဖွင့်ရင်း"မင်း ငါ့ဆီကို ပြန်လာခဲ့"ဟုပြောရင်း သူ့ရဲ့အနားမှ ပျောက်သွားလေသည်။နောင်ရိုး အားကုန်သုံးပြီး လှမ်းခေါ်သည်။ သူ မကြား‌ေပ။ ထပ်ပြီး ခေါ်သည်။‌ေနာင်ရိုးသစ် ရင်တစ်ခုလုံးပူလောင်နေသည်။
အာ‌ေခါင်ခြစ်ကာ "ထိန်လင်း"ဟုအော်ခေါ်နေမိသော်လည်း သကောင့်သားကကြားဟန်မတူ....။နှစ်ယောက်ကြားတွင်
မီးခိုးငွေ့တွေ ဖုံးကာ သူ့ကို မမြင်ရတော့။

ခွင့် (Unicode+Zawgyi)Where stories live. Discover now