အမှတ်မထင် တွေ့လိုက်ရသည့် နောင်ရိုး၏ ပုံစံကြောင့် ထိန်လင်း အံ့ဩမှင်တက်ဖြစ်သွားရသည်။ဒီလိုလုပ်ဖို့ ကြံစည်ချောက်တွန်းခဲ့တာ ဆုလဲ့ပဲဖြစ်မည်ဆိုတာ ထိန်လင်းသိပါသည်။
မိန်းမကြီးဝတ်စုံလေးနှင့် လှနေသော နောင်ရိုး၏ မျက်နှာလေးသည် မှုန်သုန်သုန်ဖြစ်ကာ ပါးပြင်လေးမှာ နီရဲနေသည်။မျက်နှာချေမှုန့် အနီရောင်များကြောင့်လား ကျွန်တော် စလိုက်၍လား မသိပေ။
အချိန်ခဏကြာအောင် ကကွက်များအကြောင်း ဆွေးနွေးတိုင်ပင်ပြီးသည်နှင့် အဆင်ပြေသွားလေသည်။ဒီကောင်က ပွဲကြိုက်ခင် အဲ မဟုတ်သေးပါဘူး ပွဲကြိုက်မောင်ဆိုတော့ ကကွက်တွေက အလွတ်ရနေတာ။
နောင်ရိုးကိုကြည့်ကာထိန်လင်းအောင် ရင်တွေ တဒိတ်ဒိတ်ခုန်နေသည်။ဘိုမရုပ်လေးတစ်ရုပ်နယ် ချစ်စရာကောင်းနေသော နောင်ရိုးကိုကြည့်ရင်း အသည်းတွေယားနေမိသည်။
"ကိုကြီး ထိန်လင်းအောင်။ဆရာမက ရုံးခန်းဘက်ကို ခဏလာခဲ့ပါဦးတဲ့..."
"ဪ အေးအေး"
အငယ်တန်းမှ ကလေးငယ်လေးတစ်ယောက်၏ စကားသံကြောင့် ထိန်လင်း အတွေးတွေ ပျက်ပြယ်သွားရေလသည်။
"ဒါဆို ငါခဏ သွားလိုက်ဦးမယ်..."
"ငါလည်းလိုက်မယ်"
"ဒါဆို နောင်ရိုး...မင်း ဒီမှာပဲနေခဲ့နော်...ငါတို့ခဏနေပြန်လာခဲ့မယ်"
"အေး"
နောင်ရိုးကိုပြောခဲ့ပြီးသည်နှင့် ထိန်လင်းရောဆုလဲ့ပါ ကျောင်းရုံးခန်းလေးဆီသို့ ထွက်လာခဲ့လိုက်သည်။
ဆရာမက မည်သည့်အကြောင်းပြောမလဲဟု ရင်ခုန်နေရသော်လည်း ထင်ထားသည့်အတိုင်းပင် ကသည့်အခါ လက်တွဲညီညီဖြစ်ဖို့ ဆွဲခေါ်ဖို့၊ဒီနေ့မှဗြုန်းစားကြီးပြောင်းလဲသွားမှုအတွက် ကပျာကယာစီစဉ်လိုက်ရတာမို့ စိတ်မခုဖို့ ပြောသည်။
ဆရာမ မသိလို့သာပါ။ဒီလို လူပြောင်းလိုက်သည့်အတွက် သူက ပိုတောင်ပျော်နေသေးသည်လေ။ပြီးတော့ ဘိုမရုပ်လေးတစ်ရုပ်လို လှပနေတဲ့ နောင်ရိုးကို သူ အကြာကြီး တစိမ့်စိမ့်ထိုင်ကြည့်ချင်သေးသည်။
YOU ARE READING
ခွင့် (Unicode+Zawgyi)
Romanceတစ်ဘဝစာဖြစ်ဖြစ်၊ တစ်ခဏတာဖြစ်ဖြစ် အသက်ရှင်သန်ကျန်ရှိနေတဲ့ တစ်လျှောက်လုံး ချစ်ရသူ အနားမှာပဲ နေခွင့်ရချင်တယ်။