နောင်ရိုး ရွာပြန်ရောက်သည်မှာ တစ်လကျော်ကြာပြီဖြစ်သည်။တန်းပြဆင်းရသည်မို့ ကျောင်းသွား၍ စာသင်လိုက်၊အိမ်ပြန်လာသည်လိုက်နှင့်သာ အချိန်ကုန်ဆုံးရတာများသည်။ အမေမြင်ချင်သည့် အဖြူအစိမ်းဝတ်ကျောင်းဆရာပေါက်စလေး ဖြစ်နေပြီမို့ အမေလည်း ကျေနပ်လိမ့်မည်ထင်သည်။
ဒီနေ့ကျောင်းပိတ်ထား၍ အခန်းထဲရှိ စားပွဲခုံငယ်လေးတွင်ထိုင်ကာ မရေးဖြစ်တာကြာသော ဒိုင်ယာရီစာအုပ်လေးအား ထုတ်လိုက်မိသည်။ ဒိုင်ယာရီထဲတွင် လတ်တလော စိတ်ခံစားချက်တစ်ချို့ အကြောင်းချရေးလိုက်မိသည်။
ဒိုင်ယာရီဆိုတာ စိတ်ခံစားချက်တစ်ချို့အတွက်တော့ ရင်ဖွင့်ရာစိတ်တစ်ခုမဟုတ်လား...။သူ့အတွက်တော့ ဒိုင်ယာရီစာအုပ်လေးဟာ ရင်ဖွင့်လို့ကောင်းတဲ့ ရင်ခွင်တစ်ခု။ နောင်ရိုး၏ ဒိုင်ယာရီစာအုပ်ကလေးထဲတွင် အများဆုံးရေးဖြစ်သည်က ထိန်လင်းအကြောင်းများသာ။
"ကိုကို နှင်းဖွေးအခန်းထဲ ဝင်ခဲ့မယ်နော်"
အခန်းအပြင်မှ ဂါဝန်ဖားဖားလေးနှင့် ချစ်စရာကောင်းနေသော ညီမလေးအား ပြုံးပြရင်းဖြင့်
"ဝင်လာခဲ့လေ ညီမလေးရဲ့"
"ကိုကိုက တကုတ်ကုတ်နဲ့ ဘာတွေရေးနေတာလဲ"
"ဘာမှမရေးပါဘူးဟာ ဒီ ဒီလိုပါပဲ"
"တို့ ကိုကိုလူပျိုကြီး ရည်းစားရနေပြီထင်တယ်"
"ကောင်မလေး အစ်ကို့ကို မဟုတ်ကဟုတ်ကတွေ ပြောတော့မယ်"
"ဟီး ဟီး ကြည့်ကိုကိုရှက်သွားပြီ"
ဖြူနှင်းဖွေးသည် ကလေးပီပီသဘောကျစွာဖြင့် ဇက်ကလေးပုကာ ရယ်လေသည်။
"ကိုကို ကိုကြီးထိန်လင်းတို့ကရော ကျောင်းမပိတ်ဘူးလားဟင်"
"အင်း မပိတ်ဘူးထင်တာပဲ ကိုကိုနဲ့က ကျောင်းချင်းမတူဘူးလေ ညီမလေးရဲ့"
"ဟုတ် ကိုကြီးထိန်လင်းမလာတာကြာလို့ နှင်းေဖွးက မေးကြည့်တာပါ"
"အင်း ကျောင်းမပိတ်လို့ ရွာပြန်မလာတာနေမယ်"
"ကိုကိုက ဒိုင်ယာရီရေးတာ တော်တော်ဝါသနာကြီးတာပဲ ညီမေလးကြည့်နေတာကြာပြီ...ရောက်တဲ့နေ့ကတည်းပဲ အားတာနဲ့ တကုတ်ကုတ်နဲ့ရေးတော့တာပဲ ဒါနဲ့ ကိုကိုဘာစာတွေရေးနေတာလဲဟင်"
YOU ARE READING
ခွင့် (Unicode+Zawgyi)
Romanceတစ်ဘဝစာဖြစ်ဖြစ်၊ တစ်ခဏတာဖြစ်ဖြစ် အသက်ရှင်သန်ကျန်ရှိနေတဲ့ တစ်လျှောက်လုံး ချစ်ရသူ အနားမှာပဲ နေခွင့်ရချင်တယ်။