၂၀၂၀ခုနှစ်
သက္ကရာဇ်အဟောင်းတွေ ပြန်ကြည့်ရင်းကနေ လက်ရှိအချိန်မှာလူက အသက်လေးထိပ်စီးနား ကပ်နေလေပြီ။ယခုဆို အသက်သုံးဆယ်ကျော် လေးဆယ်နားနီးအရွယ် လူတစ်ယောက်၏ ရင့်ကျက်တည်ငြိမ်မှုတွေ အပြည့်ရှိလာခဲ့ပြီ။ ဖြစ်ပျက်ခဲ့သမျှအား သင်ခန်းစားယူပြီး ကြိုးစားရုန်းကန်ခဲ့တာလည်း ပါတာပေါ့လေ....။
တစ်ချိန်တုန်းက...
ဟုတ်တယ်။ တစ်ချိန်တုန်းက မိုက်ရူးရဲဆန်စွာ တစ်ကိုယ်တည်းလေလွင့်နေ
ခဲ့မိသည်။ သူငယ်ချင်းစည်းကို မကျော်ရက်နိုင်ခဲ့သည့် စိတ်တစ်ခုကြောင့် ချစ်ရသူကို ချစ်တယ်လို့ မဖွင့်ပြောခဲ့မိရကောင်းလားဟု တွေးရင် ကိုယ့်ကိုယ်ကိုယ် တစ်ခါတခါ ဒေါသထွက်ကာ မုန်းတီးမိသည်။အရာရာကို စဉ်းစားချင့်ချိန်ကာ ဆုံးဖြတ်ချက်အချို့နှောင်းနှေးခဲ့သည့် ကိုယ့်ကိုကိုယ်လည်း အားမရခဲ့။"အတိတ်တွေကို ကြိုးစားမေ့ပါသားရယ်"
အမြဲလိုလို အတိတ်နွံထဲနစ်နေခဲ့သည့်သူကို ဖေဖေဆုံးမတတ်သည်။ ဖေဖေ့ဆုံးမမှုတွေကိုပင်ထိန်လင်း လက်မခံချင်။အတိတ်တွေကို မေ့ရမယ်တဲ့ေလ။မေ့ပစ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမှမဟုတ်တာ။ကျွန်ေတာ်အတိတ်ကို ခုထိ မမေ့နိုင်သေးဘူး။ အထူးသဖြင့် ငယ်ဘဝ၊ ကျွန်တော့်မွေးရပ်မြေ၊နောက်ပြီး ကျွန်တော့်အတွက် အမြဲ သတိရနေဦးမယ့် လူတစ်ယောက်။
အတိတ်ဆိုတာ သတိရခြင်းနဲ့ မျှားခေါ်ရင်
ပစ္စုပ္ပန်ဆီရောက်လာတတ်စမြဲ မဟုတ်လား။နာကျင်ရရုံကလွဲလို့ပေါ့။ သတိရခြင်းနဲ့မျှားခေါ်လို့ ရောက်လာတတ်တဲ့ အတိတ်မှန်သမျှကို ကျွန်တော်မြတ်နိုးတယ်။ပြီးတော့...အဲ့ဒီအတိတ်တွေကို ပြင်ခွင့်ရရင် ပြင်ချင်သေးပါရဲ့။"ကိုကိုလေး...ကိုကိုလေး"
"ဘာလဲ"
အခန်းအပြင်ဘက်မှ တကြော်ကြော် အော်ခေါ်နေသံကြောင့် ထိန်လင်း အတွေးစတစ်ချို့ ပြတ်သွားရလေသည်။
"ဘဘကြီးက မနက်စာစားဖို့ ခေါ်ခိုင်းလိုက်လို့ပါ"
"အေးအေး လာခဲ့မယ်လို့"
YOU ARE READING
ခွင့် (Unicode+Zawgyi)
Romanceတစ်ဘဝစာဖြစ်ဖြစ်၊ တစ်ခဏတာဖြစ်ဖြစ် အသက်ရှင်သန်ကျန်ရှိနေတဲ့ တစ်လျှောက်လုံး ချစ်ရသူ အနားမှာပဲ နေခွင့်ရချင်တယ်။