"နောင်ရိုး ..ဟေ့ကောင် နောင်ရိုး.."
"ဘာလဲကွာ.."
အိပ်ယာထက်တွင် အိပ်မောကျနေသော
နောင်ရိုးသစ်၏ကိုယ်လေးအား လှုပ်ခတ်နိုးနေသော ထိန်လင်းအား တစ်ခဏမျှ စိတ်တိုမိေလသည်။ ဒီကောင်တော့ စောစောစီးစီး ဘယ်သူ့ခွင့်ပြုချက်နှင့် အိမ်ပေါ်ထိတက်ကာလာနှောင့်ယှက်နေသည်မသိ။"ထကွာ ငါတို့ အောင်စာရင်းသွားကြည့်ရအောင်"
ဒီကောင် ထိန်လင်း ဘာဖြစ်နေသည်မသိ။
အောင်စာရင်းကြည့်ရမည့် အချိန်မှာ အလွန်စောေနသေးသည်။စောစောကမှ လင်းကြက်တွန်သံ ကြားလိုက်ရသည်။ကျောင်းတံခါးသည်လည်း နံနက်၆နာရီမှ ဖွင့်ပေးမည်ကို အစောကြီးလာနိုးနေလေသည်။"စောသေးတယ် မထချင်သေးဘူးကွာ..."
အိပ်ယာထက် စောင်ခြုံထဲမှ စကားလုံးများ လုံးထွေးကာ ပြန်ပြောလိုက်လေသည်။
"ဟေ့ကောင် မင်းတကယ် မထဘူးလားပြော.."
"မထဘူးကွာ"
"မထရင်..ငါလုပ်ပြီနော်...ကဲကွာ.."
စကားသံနှင့်အတူ နောင်ရိုးသစ် ကိုယ်ပေါ်တွင် ခြုံထားသော ဖျင်စောင်ပါးပါးလေးအား ဆွဲယူကာ ကိုယ်ပေါ်မှဖယ်လိုက်သည်။ အောင်စာရင်းထွက်မည့်နေ့ကို မတုန်လှုပ်တဲ့အပြင် အိပ်ေကာင်းနေသော နောင်ရိုးကို ညစ်ချင်သောကြောင့် လုပ်လိုက်ခြင်းဖြစ်သည်။
"မနက်အစောကြီးရှိသေးတယ်..ခွေးကောင်ရ"
သူ့ဝသီအတိုင်း "ခွေးကောင် "ဟု ခပ်တိုးတိုးဆဲရင်း အိပ်ယာထဲမှ ထသွားသည်။ နောင်ရိုးသစ် အိပ်ယာထဲမရှိတော့မှ အိပ်ယာထဲတွင် ရှုပ်ပွနေသော ဖျင်ခြုံစောင်ခပ်ပါးပါးနှင့် ခပ်နွမ်းနွမ်း အိပ်ယာခင်းလေးကို အသာအယာ သိမ်းလိုက်သည်။
မျက်နှာသစ်ပြီး အိမ်ပေါ်တက်လာသည့် နောင်ရိုးသစ် မျက်နှာက တစ်ခုခုကို မကြည်သလိုပင်။သူ့အားဘုကြည့်ကြည့်ပြန်နေသေးသည်။
"မင်း မျက်နှာကြီးက ဘာဖြစ်နေတာလဲ"
"အိပ်ရေးမဝလို့ပေါ့ကွ..အိပ်ရေးမဝရင် ငါ ခေါင်းကိုက်တော့မှာ အသေချာပဲ.စောစောကမှ အုန်းမောင်း ခေါက်တယ်..မင်းကဘာတွေလောကြီးနေတာလဲ.."
YOU ARE READING
ခွင့် (Unicode+Zawgyi)
Romanceတစ်ဘဝစာဖြစ်ဖြစ်၊ တစ်ခဏတာဖြစ်ဖြစ် အသက်ရှင်သန်ကျန်ရှိနေတဲ့ တစ်လျှောက်လုံး ချစ်ရသူ အနားမှာပဲ နေခွင့်ရချင်တယ်။