နိဒါန်း နိဒါန္း

11.9K 996 34
                                    

[Unicode]

"ဒီအရှင်က မသေမျိုးတစ်ယောက်ပဲ။ (၃)လောကက ကြီးကျယ်လှပြီး စကြာဝဠာကြီးက အဆုံးမရှိပေမဲ့ ငါ့ကို ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့သူ တစ်ယောက်မှ မရှိဘူး" ချော်ရည်ပူများထက်ရှိ မှောင်ရိပ်ထဲတွင် အေးအေးဆေးဆေးလေးလှဲလျောင်းနေလျက် နီရဲ၊ ပူလောင်လှသည့် ချော်ခဲအတုံးများအား ဆုပ်ကိုင်၍ ဆော့ကစားနေရင်းမှ "မင်းလိုမျိုး သာမန်အမျိုးသမီးတစ်ယောက်က ဓားရှည်တစ်လက်နဲ့ ငါ့ကို ခုတ်သတ်ပစ်ချင်တယ်ပေါ့လေ"

ထိုအသွားနှစ်ဘက်ပါ အေးစက်စက် ဓားရှည်တစ်လက်တွင် ဖြုံလောက်စရာသတ်ဖြတ်လိုစွမ်းတို့ အပြည့်အသိပ်ပါဝင်လို့နေကြသည်။ ဓားကိုင်လျက် လေထဲတွင်ရပ်နေသော အမျိုးသမီး၏ နှုတ်ခမ်းထောင့်များက အနည်းငယ်မျှ ကော့တက်လို့သွားကြကာ ပမာမခန့်ရှိလှသည့်မိစ္ဆာဧကရာဇ်အရှင်ထက်ပင် မကောင်းဆိုးဝါးဆန်လို့သွားသည်။ "တုန်းဖန်းချင်းချန်း၊ ရှင် မတိုက်ရဲဘူးလား၊"

"ဟားဟားဟားဟား၊ မတိုက်ရဲဘူး?" တုန်းဖန်းချင်းချန်းက သူ့ခေါင်းအား မိုးပေါ်သို့လှန်၍ ဝါးလုံးကွဲရယ်ချလိုက်တော့သည်။ တုန်းဖန်းချင်းချန်း၏လက်ဝါးထဲရှိ ချော်ခဲပူများမှာ ရုတ်ခြည်းပင် အပေါ်ဘက်သို့ မီးထတောက်သွားကြသည်။ လေထဲရှိ ထိုမာန်ဟုန်ပြင်းပြင်းမီးတောက်များမှာ စုစည်းသွားလျက် ရဲရဲတောက်လောင်နေသည့် အသွားနှစ်ဘက်ပါ ဓားရှည်တစ်လက်ဖြစ်သွားကြတော့၏။ အရှိန်အဟုန်ပြင်းလှသည့်မီးငွေ့များဟာ ထိုအမျိုးသမီး၏ဝတ်ရုံအား လန့်ဖျပ်သွားစေသည်အထိ ဖြစ်ခဲ့သည်။ "ချိသိအမျိုးသမီး၊ နတ်ပြည်က အဲ့ဒီသုံးစားမရတဲ့ကောင်တသိုက်က မင်းကို မိုးမြေစစ်နတ်ဘုရားဖြစ်အောင် လုပ်လိုက်ကြတာနဲ့ပဲ၊ မင်းရဲ့အရည်အချင်းလေး နည်းနည်းပါးပါးလောက်ကို အဟုတ်ကြီးမှတ်ပြီး ဒီအရှင်ကို ပူညံပူညံတွေလာလုပ်ဝံ့နေတယ်ပေါ့လေ"

တုန်းဖန်းချင်းချန်းက သူ့မျက်လုံးများအား မှေးစင်းလျက် ခပ်ဖွဖွလေး တခစ်ခစ်ရယ်လိုက်သည်။ သူမတ်တပ်ထရပ်လိုက်သည့်အခါ ငွေရောင်ဆံနွယ်များက သူ့ခြေချင်းဝတ်ထိ ရှည်လို့နေကြ၏။ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း သူ့ခြေဖဝါးအောက်ရှိ မီးတောင်မှာ သူ့အား ကြောက်လန့်နေသည့်အလား စတင်တုန်ခါ၍ ဘယ်ညာယိမ်းလို့လာတော့သည်။

[Completed]သစ်ခွပန်းလေးနှင့်မိစ္ဆာအရှင်တို့ ကွဲကွာသွားကြသောအခါWhere stories live. Discover now