အခန်း (၂၇) အခန္း (၂၇)

1.4K 323 19
                                    

[Unicode]


ငုပ်လျှိုးကွယ်ဝှက်မှုထောင်ချီတောင်၏အရေးကိစ္စများနှင့်ပတ်သတ်လျှင် လောကကြီးထဲ လိုက်မေးမြန်းနေရန်ဝေးစွ၊ စီးမင့်ဆီမှပြောလာသည်ကိုပင် သစ်ခွပန်းလေး များများစားစား မကြားခဲ့ရဖူးပါ။ ထို့ကြောင့် သူမအား ဝိညာဉ်မွေ့လျော်အိုးထဲထည့်ခေါ်သွားသည့် ငုပ်လျှိုးကွယ်ဝှက်မှုထောင်ချီတောင်၏ အရှင်သခင်အကြောင်းအား သူမ မည်သည်မျှမသိခဲ့ချေ။

သို့သော် သစ်ခွပန်းလေးစိတ်ထဲ သူ့အား မကောင်းသည့်သူတစ်ယောက်ဟု မထင်မိ။

အနည်းဆုံး တုန်းဖန်းချန်းချင်းထက်တော့ သာမှာပဲ။

ငုပ်လျှိုးကွယ်ဝှက်မှုထောင်ချီတောင်သို့ရောက်ရှိလာခဲ့ပြီးနောက် ဤကိစ္စနှင့်ပတ်သက်၍ သစ်ခွပန်းလေး ပိုလို့ပင်သေချာလာခဲ့သေးသည်။

ငုပ်လျှိုးကွယ်ဝှက်မှုထောင်ချီတောင်သခင်အရှင်မှာ သိမ်မွေ့နူးညံ့လျက် သူများတကာအပေါ် တယဉ်တကျေးဆက်ဆံတတ်သည်။ သူ့အပြုအမူပိုင်း၌ ရည်ရည်မွန်မွန်၊ ထိန်းထိန်းသိမ်းသိမ်းရှိရုံမက သူမအတွက် အခက်တွေ့နေရအောင်မလုပ်ဘဲ ခန္ဓာကိုယ်အသစ်တစ်ခုကိုလည်း လျှို့ဝှက်ဆန်းကြယ်စွာ ရှာဖွေပေးသေးသည်။

သစ်ခွပန်းလေးက မှန်ကိုကြည့်လျက် သူမ၏နူးညံ့၊ စိုပြေလှသည့်မျက်နှာကို ကိုင်ကြည့်နေမိသည်။ ထို့နောက် မယုံကြည်နိုင်စွာဖြင့် သူမအနောက်ဘက်ရှိပုဂ္ဂိုလ်အား မေးလိုက်သည်။ "ဒါက တကယ်ကြီး ရွှံ့စေးကနေ ပုံသွင်းထားတဲ့ ခန္ဓာကိုယ်လား"

သစ်ခွပန်းလေး၏စားပွဲဘေးတွင်ထိုင်နေရင်းမှ ငုပ်လျှိုးကွယ်ဝှက်မှုထောင်ချီတောင်သခင်အရှင်ဟာ အခါးရည်ကို ဖြည်းဖြည်းချင်းသောက်လျက် "ဒါပေါ့၊ မနေ့က မင်းကို ဒီကျွန်းဆီခေါ်လာတော့ ကိုယ်အဲ့ဒါကို လုပ်ခိုင်းလိုက်တာလေ။ ဘယ်လိုနေလဲ။ မင်းရဲ့နဂိုပုံပန်းသွင်ပြင်နဲ့တူရဲ့လား"

"တူတာပေါ့" သစ်ခွပန်းလေးက သူမမျက်နှာကို ညှစ်လိုက်ကာ "အရမ်းကိုတူတာ။ အသားက နူးညံ့နေပြီး အရိုးတွေက သန်မာတယ်။ ပြီးတော့ အဆစ်တွေလည်း ပုံမကျပန်းမကျဖြစ်မနေဘူး။ အကြာကြီးထိထားလိုက်တဲ့အခါကျရင် အရေပြားကနေ အပူချိန်ကို ခံစားလို့ရတယ်။ လူတစ်ယောက်ရဲ့ခန္ဓာကိုယ်နဲ့ လုံးဝကိုကွက်တိတူတာ"

[Completed]သစ်ခွပန်းလေးနှင့်မိစ္ဆာအရှင်တို့ ကွဲကွာသွားကြသောအခါWhere stories live. Discover now