အခန်း (၅၃) အခန္း (၅၃)

1.3K 320 67
                                    

[Unicode]

သစ်ခွပန်းလေး နည်းနည်းတွေတွေကြီးဖြစ်လို့နေနေဆဲရှိသေးသည်။ တုန်းဖန်းချင်းချန်းက သူတို့အား ထိုနေရာမှ လွတ်မြောက်အောင်လုပ်လိုက်နိုင်ပြီလော။

သစ်ခွပန်းလေးဘေးဘီဝဲယာသို့ကြည့်လိုက်သည့်အခါ သူတို့ဟာ ကြီးမားလှသည့်ချိုင့်ကြီးတစ်ခုထဲတွင် မတ်တပ်ရပ်လို့နေကြကြောင်း တွေ့ရှိသွားသည်။ ကြည့်ရသည်မှာ ဤချိုင့်ကြီးဟာ သူတို့လွတ်မြောက်လာစဉ် တုန်းဖန်းချင်းချန်းလုပ်လိုက်မိသည့်အရာဖြစ်ရပေမည်။

သစ်ခွပန်းလေးခမျာ မမေးဘဲမနေနိုင်တော့ချေ။ "မိစ္ဆာကြီး၊ ဒါဘယ်နေရာလဲ"

"ငါတို့ဝင်သွားရတဲ့နေရာကနေ ပြန်ပြီးထွက်လာရမှာ ထုံးစံပဲလေ" တုန်းဖန်းချင်းချန်းဘက်မှ ပြောပြောဆိုဆိုနှင့် ကိုယ်ကိုလှုပ်ရှားလိုက်သည်။ သူ့ခြေထောက်အောက်တွင် ကွဲကြေပျက်စီးနေသောကြေးမုံမှန်တစ်ချပ်ရှိလေသည်။ ထိုမှန်၏ဖန်သားများမှာ မရှိကြတော့ဘဲ အပြင်ဘက်ဘောင်သာလျှင် ကျန်ရှိတော့၏။

တုန်းဖန်းချင်းချန်းက ကွဲကြေပျက်စီးသွားသောကြေးမုံမှန်ဘောင်ကို ကြည့်မနေဘဲ သစ်ခွပန်းလေး၏လက်ကောက်ဝတ်ကို ဖမ်းဆုပ်လျက် ဆွဲခေါ်ကာ ချိုင့်တွင်းကြီးအပြင်ဘက်သို့ ခုန်ထွက်လိုက်သည်။

ဟုတ်ပါသည်။ တုန်းဖန်းချင်းချန်းဆိုခဲ့သည့်အတိုင်းပင် သူတို့ဟာ မိစ္ဆာလောကတွင် ရှိလို့နေကြဆဲသာ။ သူ့လက်ဖြင့်လုံးဝနီးပါးဖျက်ဆီးခဲ့သည့် လမ်းမပေါ်တွင်ဖြစ်လျက် ခပ်လှမ်းလှမ်း၌ စောစောပိုင်းကမှ သူကပြောင်းကပြန်လှန်ပစ်ခဲ့သော ကျောင်းဆောင်နှင့် သူ့ပုံစံရွှေရုပ်တုတို့ရှိလို့နေကြသည်။

သစ်ခွပန်းလေးနှင့် တုန်းဖန်းချင်းချန်းတို့၏ မလှမ်းမကမ်းတွင် လုပ်ကြံသူများက ကြိုးများကိုသုံးလျက် ယွီကြီးကို မြေပြင်ပေါ် ခပ်တင်းတင်းဆွဲချုပ်ထားကြသည်။

ယွီကြီးအမြီးက အဆက်မပြတ်လှုပ်ယမ်းလို့နေနေဆဲရှိသေးသည်။ ပုံစံက နောက်ဆုံးအနေဖြင့် ရုန်းကန်နေသေးသည့်သဘောပင်။ လှုပ်လှုပ်ရှားရှားအသံများကိုကြားသော် ယွီကြီးဟာ သူ့ခေါင်းကိုလှည့်လာသည်။ တုန်းဖန်းချင်းချန်းကိုမြင်သွားသည့်အခါ ဘယ်၊ ညာ ယမ်းနေသော သူ့အမြီးက တမဟုတ်ချင်း အထက်၊ အောက် ယမ်းသည့်ပုံစံသို့ပြောင်းသွားလျက် မြေကြီးပေါ် တဘုန်းဘုန်းရိုက်တော့သည်။ "ကယ်ပါ၊ ကူပါ" ဟု လှမ်းပြောနေသည့်ပုံမျိုးဖြစ်၏။

[Completed]သစ်ခွပန်းလေးနှင့်မိစ္ဆာအရှင်တို့ ကွဲကွာသွားကြသောအခါWhere stories live. Discover now