အခန်း (၁၈) အခန္း (၁၈)

1.5K 332 20
                                    

[Unicode]

သစ်ခွပန်းလေးဟာ တုန်းဖန်းချင်းချန်းတစ်ယောက် အချိန်ကုန်၊ လူပင်ပန်းခံလျက် ခက်ခက်ခဲခဲပြန်ယူထားရသည့် ရှော့ဖုန်းဓားအား ဟိုဟိုသည်သည်လျှောက်ပစ်ထားခဲ့လိမ့်မည်ဟု တစ်ခါမျှမျှော်လင့်မထားခဲ့မိချေ။

သူဟာ ထိုဓားကို ဖန်သားမြို့တော်ထဲရှိ လက်မှုပညာရှင်များလက်ထဲသို့ ဓားအိမ်လုပ်ရန် ပစ်ပေးထားခဲ့ပြီးနောက် တိမ်များကိုစီးလျက် လုမြို့သို့လာခဲ့သည်။

လုမြို့တော်ဟာ ဘုန်းတန်ခိုးကြီးမြတ်လှပါသော ကျင့်မင်းဆက်ကြီး၏ စစ်ရေးအရအရေးပါသော နယ်မြေတစ်ခုပင်။ မြို့ထဲရှိဘုံနန်းပြဿဒ်များဟာ မိုးထဲ၊လေထဲတွင် နှစ်ပေါင်း (၃၀၀) ရပ်တည်လာခဲ့ကြသော်လည်း ယခုအချိန်တွင်မူ မခိုင်တော့ဘဲ ယိုင်နဲ့ကုန်ကြလေပြီ။ စစ်ဖြစ်ရသည့်အကြောင်းကား အခြားမဟုတ်ပါ။ ကျင့်မင်းဆက်ကြီးက ဝန်ပိလှသော အခွန်အတုတ်ကြေးမြင့်မြင့်များ ကောက်ခံခဲ့လျက် ထိုနေရာတွင် (၃)နှစ်ဆက်တိုက် မိုးခေါင်မှုဖြစ်ပွားခဲ့သောကြောင့်ဖြစ်၏။ တိုင်းသူပြည်သားများ ခံစားနေရသော ဒုက္ခများအကြောင်းကို မဆိုထားနှင့် ဘုရင်မင်းမြတ်ဟာ နန်းတွင်းရေးကိစ္စများတွင်ပင် အရေးစိုက်ခြင်းမရှိဘဲ ညစဉ်ညတိုင်း အားရပါးရပျော်ပါးလို့နေသည်။ နောက်ဆုံးတွင်မူ ထိုအရာက တိုင်းသူပြည်သားတို့အား အလံကိုလွှင့်လျက် ပုန်ကန်လာစေခဲ့သည်။

ပုန်ကန်လာသည့်တပ်များဟာ လမ်းတစ်လျှောက်လုံး အကျင့်ပျက်အုပ်ချုပ်ရေးတပ်များနှင့် သွားဆုံကြလေတိုင်း ထောပတ်ကို ဓားပူပူဖြင့် လှီးလိုက်သကဲ့သို့ သတ်ဖြတ်သုတ်သင်လာခဲ့ကြသည်မှာ လုမြို့တော်သို့ ရောက်လာသည်အထိပင်။

သို့သော် လုမြို့မှာမူ စစ်ရေးအရ အချက်အချာကျလျက် နည်းဗျူဟာနှင့်ပြည့်စုံလှသည့်မြို့တစ်မြို့ဖြစ်လေသည်။ ပုန်ကန်သည့်တပ်များဟာ အချိန်အတော်ကြာသည်အထိ တိုက်ခိုက်အနိုင်ယူနိုင်ခြင်းမရှိကြချေ။ ထို့ကြောင့် မြို့တော်ပတ်ပတ်လည်တွင် ကတုတ်ကျင်းများတူးလျက် အလုံးအရင်းဖြင့်တပ်စွဲထားလိုက်သည်။ သူတို့ရည်ရွယ်ချက်မှာ လုမြို့မှ တပ်တို့အား သေသည်အထိ ပိတ်လှောင်ထားလျက် မြို့တော်မှတာဝန်ရှိစစ်သူကြီးကို လက်နက်ချလာရန် ဖိအားပေးဖို့ပင်။ သို့သော် လုမြို့ဟာ တစ်နှစ်ပတ်လည်လုံးရိက္ခာများစုဆောင်းထားခဲ့သည့်အပြင် မြို့အားကာကွယ်စောင့်ရှောက်နေရသည့် စစ်သူကြီးကလည်း အညံ့ခံလိုက်ရန် ငြင်းဆန်လို့နေသည်။

[Completed]သစ်ခွပန်းလေးနှင့်မိစ္ဆာအရှင်တို့ ကွဲကွာသွားကြသောအခါWhere stories live. Discover now