အခန်း (၈၃) အခန္း (၈၃)

2K 345 82
                                    

[Unicode]

သစ်ခွပန်းလေးဟာ စီးမင့်၏ခြံဝင်းအတွင်း နေထိုင်လျက် တုန်းဖန်းချင်းချန်းကလည်း မပြောမဆိုဖြင့် သစ်ခွပန်းလေး၏အဆောင်ဝင်းထဲ လိုက်နေထိုင်လေသည်။

စီးမင့်က သူ့အားမောင်းထုတ်လာသည့်အခါ သူ့ပုံစံက ထိုစကားကို မကြားမိသည့်ပုံမျိုးနေနေ၍ တူကို စားပွဲပေါ်ရှိ သကြားထဲသို့နှစ်ကာ သစ်ခွပန်းလေးအား လိုက်လျက်ရအောင် လုပ်နေ၏။ တုန်းဖန်းချင်းချန်း၏ ပုံပန်းသွင်ပြင်ကိုမြင်သော် စီးမင့်က မျက်လုံးများမှေးစင်းလိုက်ကာ လှောင်ပြောင်ပြောလိုက်သည်။ "ဒဏ္ဍာရီထဲမှာ သူများတကာတွေကို မျက်နှာအရောင်ပြောင်းသွားရလောက်အောင် လုပ်ခဲ့တဲ့ မိစ္ဆာဧကရာဇ်မှာ ဒီလိုမျိုး မျက်နှာပြောင်တိုက်တတ်တဲ့အချိန်မျိုးလည်း ရှိလိမ့်မယ်လို့ တစ်ခါမှ မတွေးမိခဲ့ဘူး"

တုန်းဖန်းချင်းချန်းက စီးမင့်အား လုံးဝမရှိသူတစ်ဦးကဲ့သို့ သဘောထားထားသည်။ သစ်ခွပန်းလေးက သကြားများကို လျက်နေစဉ်အဖြူရောင်သကြားအချို့ တုန်းဖန်းချင်းချန်း၏လက်များထဲကျသွားကြောင်း တွေ့သွားလေသည်။ သူမက နှုတ်ခမ်းကိုထော်လိုက်ကာ တုန်းဖန်းချင်းချန်း၏လက်ချောင်းများကို ငုံ့လျက် လျှောက်လျက်လေတော့သည်။ နောက်ဆုံး နည်းနည်းပင်ကိုက်လိုက်သေးသည်။

တုန်းဖန်းချင်းချန်းက သူမကိုကြည့်လိုက်ကာ သူ့နှုတ်ခမ်းပါးများထက် အပြုံးတို့ပေါ်လာသည်။

ဤသည်ကိုမြင်သော် စီးမင့်က မည်သို့မျှထပ်ဆိုမနေတော့ဘဲ လှည့်ထွက်သွားတော့၏။

(၂)ရက်၊ (၃)ရက်မျှကြာသော် ဤစိတ်နှလုံးနူးညံ့ကြသည့်မိသားစုကြီးဟာလည်း ဝကစ်ကစ်ကလေးတစ်ယောက်နှင့် ဇီဝိန်ခြွေစွမ်းအင်များ အပြည့်ရှိနေသော မိစ္ဆာတစ်ကောင်တို့ ရုတ်တရက်ထပ်တိုးလာသည့်အပေါ် နေသားကျလို့သွားခဲ့ကြလေပြီ။

သစ်ခွပန်းလေးဟာ စီးမင့်ကို အထူးတွယ်တာတတ်သည်။ တုန်းဖန်းချင်းချန်းဘက်မှ သူမအား ခေါ်ထုတ်မသွားခဲ့သမျှ သူမက စီးမင့်ခြေဖဝါးနောက် ထပ်ချပ်မခွာလိုက်နေလေသည်။ သူမလည်းပဲ တုန်းဖန်းချင်းချန်းမှ သူမအား ခေါ်ခေါ်သွားသည်ကို မကြိုက်ပါ။ တုန်းဖန်းချင်းချန်းဘက်မှ သူမအား ပွေ့လိုက်ချိန်တိုင်း သူမဟာ အချိန်အတော်ကြာအောင် ရုန်းကန်နေလေ့ရှိသည်။

[Completed]သစ်ခွပန်းလေးနှင့်မိစ္ဆာအရှင်တို့ ကွဲကွာသွားကြသောအခါWhere stories live. Discover now