အခန်း (၅၉) အခန္း (၅၉)

1.3K 321 112
                                    

[Unicode]

သစ်ခွပန်းလေးခမျာ ထပ်အိပ်လို့မရတော့ချေ။ သူမက ကုတင်ပေါ်ထထိုင်လျက် ထောင့်နားလေးတွင် သူမဒူးကိုပြန်ဖက်ထားကာ ကွေးကွေးလေးသွားနေလိုက်သည်။ ခေါင်းကို သူမဒူးများကြား ညှပ်ထားလိုက်၏။

ဤပုံစံမျိုးခွေခေါက်နေလိုက်ခြင်းက သူမကိုယ်သူမ လုံခြုံစိတ်ချသွားသကဲ့သို့ ခံစားရစေသည်။ အထူးသဖြင့် တုန်းဖန်းချင်းချန်း၏ကိုယ်ရောင်အရှိန်အဝါများ ပတ်ပတ်လည်မှလွှမ်းခြုံလို့ထားသည့် ဤကဲ့သို့သောနေရာမျိုးတွင်ဖြစ်၏။

သူမဦးခေါင်းကြီးပေါက်ကွဲထွက်တော့မယောင် ခံစားနေရရှာသည်။ ယနေ့ညနေက သူမကြားခဲ့ရသည့်အရာများဟာ ဤအတောတွင်းဖြစ်ပွားခဲ့သည့်အရာများနှင့် ဆက်စပ်မှုရှိကိုရှိနေရမည်။ တုန်းဖန်းချင်းချန်းက သူမအား တော်တော်ကြီးထိခိုက်နာကျင်စေလိုနေသေး၏။ ထိုအရာက သူမအား နာကျင်ဝမ်းနည်းစေသော်လည်း သစ်ခွပန်းလေးဟာ ဤကိစ္စကြောင့် သူမစိတ်ယိမ်းယိုင်မသွားရအောင် ကြိုးစားထိန်းလို့နေသည်။

သူမကိုယ်သူမပြောမိသည်။ ထိုကဲ့သို့လုပ်သည့် တုန်းဖန်းချင်းချန်းကမှ တုန်းဖန်းချင်းချန်းအစစ်ဖြစ်သည်။ ထိုကဲ့သို့ မသိမသာလေးကျိတ်ကြံခြင်း၊ သစ္စာတရားမဲ့ခြင်း၊ လိမ်ညာလှည့်ဖျားခြင်းနှင့် ဖြားယောင်းဆွဲဆောင်ခြင်းများဟာ သူနှင့်အကျွမ်းတဝင်ရှိလှသည့် လှည့်ကွက်များပင်။ မူလအစကတည်းက တုန်းဖန်းချင်းချန်းဟာ သူမရှေ့တွင် ထိုကဲ့သို့သောလှည့်ကွက်များအား အကြောက်အလန့်ကင်းကင်း ပြသခဲ့သည်။ သူဟာ ထိုကဲ့သို့သော မိစ္ဆာကောင်ပင်။

လွဲမှားနေခဲ့သည့်သူမှာ သူမပါ။ သူမဟာ နေ့စဉ်နှင့်အမျှပြောဆိုဆက်ဆံလာခဲ့ရပြီးသည့်နောက် တုန်းဖန်းချင်းချန်းအပေါ် အလွန်အင်မတန်ကောင်းကောင်းမွန်မွန်ကြီး တွေးပေးတတ်လာခဲ့သည်...

သစ်ခွပန်းလေးက သူမခေါင်းများကို ဒူးပေါ်တင်ထားရာမှ ပြန်ကြွလိုက်၊ ပြန်ချလိုက်လုပ်လို့နေ၏။ ထိုနည်းဖြင့် ဤအရေးကိစ္စအား ဘေးဖယ်ထားလျက် တုန်းဖန်းချင်းချန်းအပေါ် အရေးမစိုက်တော့ဘဲ သူမကို အံ့အားသင့်တုန်လှုပ်သွားစေခဲ့သည့် အခြားကိစ္စရပ်တစ်ခုအား တွေးတောစဉ်းစားမိလာအောင် လုပ်လိုက်သည်__

[Completed]သစ်ခွပန်းလေးနှင့်မိစ္ဆာအရှင်တို့ ကွဲကွာသွားကြသောအခါWhere stories live. Discover now