ဒုတိယအခန်းပို ဒုတိယအခန်းပို

1.9K 283 45
                                    

[Unicode]

ရှော့ဖုန်းဓား၏ဝိညာဉ်မှာ အလွန်နုလုံးကြေကွဲခံစားနေရရှာပါသည်။

မိစ္ဆာဧကရာဇ်တုန်းဖန်းချင်းချန်းနှင့် မိစ္ဆာဈေးပိုင်ရှင်တို့၏တိုက်ပွဲပြီးကတည်းက ရှော့ဖုန်းဓားမှာ ပန်းပေါင်းစုံမြက်ခင်းလွင်ပြင်ကြီး၏ ပြိုကျသွားသောတောင်အောက် အမြုပ်ခံခဲ့ရလေသည်။ မိစ္ဆာဧကရာဇ်က ထိုဓားအပေါ်တွင် စိတ်ဝင်စားမှုမရှိကြောင်း အသိအသာကြီးပင်။ ထို့ကြောင့် ဓားအား တူးထုတ်ရန် စိတ်ကူးလေးပင်မရှိဘဲ သူအတင်းအဓမ္မခေါ်ဆောင်လာခဲ့သည့် ဇနီးသည်ကို ကျောပိုးလျက် လျှောက်လှမ်းထွက်ခွာသွားခဲ့သည်။

ဤနည်းအားဖြင့် ရှော့ဖုန်းဓားဟာ မြေကြီးအောက်ထဲတွင် အမြုပ်ခံထားလိုက်ရကာ နေရောင်ပင် မမြင်ရရှာတော့ပါ။

လောကကြီးထဲ အချိန်မည်မျှကုန်ဆုံးသွားခဲ့ပြီဖြစ်ကြောင်း မသိရဘဲရှိနေစဉ် ရုတ်တရက်ကြီး ပထဝီမြေထုဟူသော နွားသိုးကြီး ကပြောင်းကပြန်လန်သွားလျက် ပန်းပေါင်းစုံမြက်ခင်းလွင်ပြင်မှ ပြိုကျနေသောတောင်ကြီးဟာ တုန်ခါလှုပ်ယမ်းသွားခဲ့သည်။ (၂)ရက်ဆက်တိုက် မိုးသည်းသည်းထန်ထန်ရွာသွန်းခဲ့ပြီးသည့်နောက် ရှော့ဖုန်းဓားမှာ တဝေါဝေါစီးကျလာသော ရွှံ့ရေများအတိုင်း တလိမ့်လိမ့်မျောပါသွားလျက် ကျောက်တုံး၊ကျောက်ဆောင်များပေါ်တွင် ရုပ်ပျက်ဆင်းပျက် တင်ကျန်နေခဲ့လေသည်။ သူဟာ နေမင်းကို နောက်တစ်ခါပြန်မြင်တွေ့နိုင်လေပြီ။

ရှော့ဖုန်းဓားက ကျောက်ဆောင်ကမ်းစပ်ပေါ်တွင် အချိန်အတော်ကြာအောင် တိတ်ဆိတ်ငြိမ်သက်စွာနေနေခဲ့သည်။ ကောင်းကင်ကြီး ကြည်လင်လာလျက် ရေများ ပြန်ကျသွားခဲ့သည်။ ၎င်းဘေးပတ်ပတ်လည်ရှိမြက်များမှာ ကြီးထွားလာကြသည်။ ရှော့ဖုန်းဓားဝိညာဉ်တွင် နောက်ဆုံးတော့ အတွေးတစ်ခုဖြစ်တည်လို့လာခဲ့သည်။ သူဟာ ဤပုံစံအတိုင်းတိတ်ဆိတ်ငြိမ်သက်စွာဖြင့် မနေနိုင်ပါ။

ချိသိအမျိုးသမီးက ပြန်ဝင်စားရန်သွားလျက် မိစ္ဆာဈေးပိုင်ရှင်က မရှိတော့လေပြီ။ မိစ္ဆာဧကရာဇ်နှင့်သူ့ဇနီးလေးတို့ကလည်း လောကကြီးထဲ မည်သည့်အရပ်သို့ ရောက်ရှိသွားမှန်း မသိခဲ့သည်မှာ ကြာလှပြီဖြစ်၏။ နတ်ပြည်က မည်သူတစ်ဦးတစ်ယောက်ကမှလည်း သူနှင့် ပတ်သက်၍ အရေးအရာလုပ်လိမ့်မည် မဟုတ်ပါ။ မိစ္ဆာလောကထဲမှ မည်သူမျှလည်း သူ့အား လာမကောက်ယူကြပါ။ ဖြတ်ပြေးသွားသည့်လေလွင့်ခွေးပင် သူ့အား တစ်ကိုက်မျှ ကိုက်မသွားခဲ့ချေ။ သူ့စိတ်ထဲ နာမည်ကျော်ဓားရှည်တစ်လက်ဟူသော သူ့ဂုဏ်သိက္ခာမှာ နက်နက်ရှိုင်းရှိုင်းကြီးအထိခိုက်ခံနေရသယောင် ခံစားရ၏။

[Completed]သစ်ခွပန်းလေးနှင့်မိစ္ဆာအရှင်တို့ ကွဲကွာသွားကြသောအခါWhere stories live. Discover now