အခန်း(၄၃) အခန္း(၄၃)

1.3K 303 32
                                    

[Unicode]

တုန်းဖန်းချင်းချန်းဟာ သစ်ခွပန်းလေးအား ခြိမ်းခြောက်ခဲ့ပြီးနောက် သတိလစ်လို့သွားခဲ့လေသည်။

သူက ပျော်ပျော်ကြီးအိပ်ပျော်သွားခဲ့ပါသော်လည်း အလွန်ပင်ပန်းနွမ်းနယ်လျက် သတိရှိနေသေးသော သစ်ခွပန်းလေးမှာမူ အမှန်ပင် ပျင်းလို့နေခဲ့ရသည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့် ကျွန်းတစ်ခုလုံးဟာ သန္တာကျောက်တန်းများနှင့်ပြည့်လို့နေလေသည်။ မြက်ပင်ရှည်ရှည်လေး တစ်ပင်တစ်လေမျှပင် မရှိချေ။ သစ်ခွပန်းလေးဟာ ကျွန်းပတ်ပတ်လည် လှည့်ပတ်ကြည့်ရှုလိုက်ပြီးနောက် ပြန်လာ၍ ထိုင်ချကာ တုန်းဖန်းချင်းချန်းကိုပဲ ကြည့်နေလိုက်တော့သည်။ အလွန်အမင်းချောမောလှသည့် တုန်းဖန်းချင်းချန်း၏မျက်နှာကြီးအား ထိုင်ကြည့်နေရင်းမှ သူမပျင်းရိလို့လာခဲ့လေသည်။ သူမဟာ အေးအေးဆေးဆေးကြီး အိပ်လို့နေသော တုန်းဖန်းချင်းချန်းဘေး လှဲချလိုက်တော့၏။

တစ်ညကြာသွားပြီးနောက် နောက်တစ်နေ့တွင် သစ်ခွပန်းလေးဟာ ပူပြင်းတောက်လောင်လှသော နေမင်းကြီးကြောင့် နိုးလာခဲ့သည်။ သူမမျက်လုံးဖွင့်လိုက်သည်နှင့် နေမင်းအလင်းရောင်ကြောင့် မျက်စိကန်းသွားမတတ်ပင် ဖြစ်သွားရလေသည်။

နေမြင့်လာသည်နှင့် ဘေးပတ်ပတ်လည်ရှိ သန္တာကျောက်တန်းများ၏အပူချိန်ဟာလည်း မြင့်တက်လိုလာလေပြီ။

သစ်ခွပန်းလေးက သန္တာကျောက်တန်းကြီးပေါ် တောင့်တောင့်ကြီးအိပ်လို့နေသည့် တုန်းဖန်းချင်းချန်းအား ပြန်လှည့်ကြည့်လျက် အလုပ်မဖြစ်သေးဟု စိတ်ထဲတွေးမိလိုက်သည်။ တုန်းဖန်းချင်းချန်းအား ဤနေရာတွင် ပစ်ထားလိုက်ပါက နေပူထဲကြွပ်ရိုက်နေလျက် သူနိုးလာသည့်အခါ မိစ္ဆာအလောင်းကောင်ခြောက်ကြီးဖြစ်နေပေတော့မည်။

အဲ့ဒီလိုပုံမျိုးကြီးနဲ့သာ လမ်းအတူတူတွဲပြီးလျှောက်သွားရမယ်ဆိုရင် အရမ်းကိုကြောက်ဖို့လန့်ဖို့ကောင်းမနေလောက်ဘူးလား...

[Completed]သစ်ခွပန်းလေးနှင့်မိစ္ဆာအရှင်တို့ ကွဲကွာသွားကြသောအခါWhere stories live. Discover now