အခန်း (၇၃) အခန်း (၇၃)

1.4K 313 67
                                    

[Unicode]

သစ်ခွပန်းလေးနှင့်တုန်းဖန်းချင်းချန်းတို့ ငုပ်လျှိုးကွယ်ဝှက်မှုထောင်ချီတောင်မှထွက်လာခဲ့သည်မှာ အတော်ကြာခဲ့လေပြီ။ ထိုမျှရှိစေကာမူ ငုပ်လျှိုးကွယ်ဝှက်မှုထောင်ချီတောင်၏ပုံပန်းသွင်ပြင်ကို မူလအတိုင်းဖြစ်အောင်ပြန်လည်ပြုလုပ်ဖို့ဆိုသည်မှာ လအနည်းငယ်လေးအတွင်းတော့ မဖြစ်နိုင်ချေ။

သစ်ခွပန်းလေးက တုန်းဖန်းချင်းချန်း၏ကျောပေါ်သို့မှီလို့ထား၏။ သို့သော် တိမ်စိုင်များနှင့်မြူများအောက်ရှိ ငုပ်လျှိုးကွယ်ဝှက်မှုထောင်ချီတောင်၏ပုံအား လှမ်းမြင်လိုက်ရသည့်အခါ သူမနှလုံးအိမ်ထဲ နည်းနည်းခံစားလို့သွားမိသည်။

ယခုဤအခြေအနေမျိုးရောက်ရှိနေမှတော့ သူမဟာ တုန်းဖန်းချင်းချန်းအား ဤခန္ဓာကိုယ်ထဲသို့ ချိသိအမျိုးသမီး၏ဝိညာဉ်ကို တစ်ခါတည်းထည့်ခိုင်းလိုက်လျှင် ပိုကောင်းပေလိမ့်မည်။ ထိုနည်းအားဖြင့် သူမ၏ဝိညာဉ်မှာပျောက်ကွယ်သွားလျက် နောက်ထပ်ဖြစ်လာမည့် ညှဉ်းပန်းမှုများမှ သူမကိုယ်သူမကယ်တင်ပြီးသားဖြစ်သွားမည်သာ။

တုန်းဖန်းချင်းချန်းကမူ သစ်ခွပန်းလေးမည်သည်ကိုတွေးတောလို့နေကြောင်း လုံးဝမသိပါ။ သူက တိမ်စိုင်များဆီမှ တစ်ချက်လှမ်းကြည့်လိုက်သည်။ နည်းနည်းစူးစမ်းရှာဖွေလိုက်ပြီးသည့်နောက် ယခုလက်ရှိတွင် ငုပ်လျှိုးကွယ်ဝှက်မှုထောင်ချီတောင်သခင် မည်သည့်နေရာ၌ရှိလို့နေကြောင်း သိရှိလို့သွား၏။ သူက အချိန်ဆွဲမနေတော့ဘဲ ထိုနေရာသို့ တစ်ခါတည်းတန်းဆင်းချသွားလိုက်သည်။

ငုပ်လျှိုးကွယ်ဝှက်ထောင်ချီတောင်သခင်အရှင်၏ခြံဝင်းဟာ အခြားနေရာများထက်စာရင် ဦးစားပေး၍ ပြန်ပြုပြင်ထိန်းသိမ်းထားပြီးနေလေပြီ။ ခြံဝင်းထဲတွင် နေရာတိုင်း၌ ပွင့်ဖူးနေကြသောပန်းများနှင့် ရတနာများရှိမနေကြတော့သော်လည်း သူဟာ (၈)ပုံပုံလျှင် (၇)ပုံမျှကို နဂိုအတိုင်းပြန်လည်ထိန်းသိမ်းထားပြီးပြီဖြစ်၏။

"မိစ္ဆာဈေးကကောင်တွေအကုန်လုံးကို မောင်းထုတ်လိုက်ပြီလား"

[Completed]သစ်ခွပန်းလေးနှင့်မိစ္ဆာအရှင်တို့ ကွဲကွာသွားကြသောအခါWhere stories live. Discover now